အနုပညာလောကရဲ့ ထိပ်တန်းစာရင်းဝင် မင်းသမီးတသ်လက်ဖြစ်သလို ပရိသတ်အားပေးမှုအပြည့်အဝရရှိထားသူကတော့ သက်မွန်မြင့်ပဲဖြစ်ပါတယ်။ ချစ်သက်ရဲ့ လူမှုကွန်ယက်သတင်းများအရ ချစ်သက်တစ်ယောက် မိသားစုနဲ့အတူ ခရီးထွက်နေတယ်လို့ သိရပါတယ်။

"Europe Trip လေး အမှတ်တရတချို့!

(ပထမ တစ်ရက်စာ.. Amsterdam မြို့)

ကလေးတစ်ဘက်နဲ့ မရောက်ဖူးတဲ့နိုင်ငံကို သွားရတာလည်းစွန့်စားမှုတခုပါပဲ!

ပင်ပန်းပေမယ့် ဒါမိသားစုဘဝ! ပျော်ပါတယ်.. အငယ်လေးကို လွမ်းရတာတော့ ပြောမပြတတ်အောင်ပါပဲ!" ဆိုပြီး သူမရဲ့ fan page မှာတင်ထားတာတွေ့ရပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ချစ်သက်တစ်ယောက် ရုပ်ရှင်ကားကြီးတွေ ပြန်လည်ရိုက်ကူးနေပြီး ဓာတ်ပုံကြော်ငြာတွေလည်း ရိုက်ကူးထားတာတွေ့ရပါတယ်။ ဒီနှစ်ထဲမှာ ရုံတင်ပြသမယ့် သူမပါဝင်ထားတဲ့ "ဥပါယ်တံမျဉ်" ဇာတ်ကားဟာလည်း ပရိသတ်တွေကြား ရေပန်းစားလို့နေပါတယ်။

Source: Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။