ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းမှာ နှစ်ပေါင်း(၅၀)အတွင်း လိင်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကား ခံခဲ့ရသူ ယောကျင်္ားလေးပေါင်း (၅ဝဝ) ကျော် ရှိတယ်ဆိုတဲ့ တွေ့ရှိချက် ထွက်ပေါ်လာခဲ့ကြောင်း CNN International မှာဖော်ပြထားပါတယ်။ 

အဆိုပါဘုရားကျောင်းက ဂျာမနီနိုင်ငံ ရေဂင်စ်ဘာ့ဂ်မြို့၊ ကက်သီဒရယ် စပါးရိုးစ် ကျောင်းဖြစ်ပြီး (၁၉၄၅)ခုနှစ်ကနေ (၁၉၉၀)ပြည့်နှစ်အစောပိုင်း အထိ လိင်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေရှိခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ဒီစုံစမ်းစစ်ဆေးမှုကိုတော့ အစိုးရရှေ့နေUlrich Weber က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူ (၇၀)နီးပါးရှိပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ (၂)မျိုးလုံး ကျူးလွန်ခံရသူကတော့ (၅၀၀)ကျော်ရှိတယ်လို့ ဆိုပါတယ်။ စွပ်စွဲခံရချိန် နှစ်ပေါင်း(၅၀)အတွင်း ကာလ အများစုမှာ တာဝန်ယူ ကိုင်တွယ်ခဲ့သူကတော့ ပုပ်ရဟန်း မင်းကြီးဟောင်း ပုပ် Benedict ရဲ့ အစ်ကို ဖြစ်သူ ဂေရော့ဂ် ရတ်ဆင်ဂါ ဖြစ်ပါတယ်။

Aung

သတင်းအရင်းမြစ် CNN International

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။