ချစ်သူနဲ့ အဆင်ပြေချင်ရင်တော့ ဒါမျိုးမလုပ်မိပါစေနဲ့ ပရိသတ်ကြီးရေ။

ချစ်ခရီးလမ်းဖြောင့်ဖြူးဖို့ဆိုတာ နှစ်ဦးနှစ်ဖက်လုံးက အပြန်အလှန်နားလည်မှုတွေရှိနေမှဖြစ်မှာပါ။ ကိုယ့်ရဲ့ အပြုအမူကို သူနဲ့ရှိနေချိန်မှာ ကိုယ်တိုင်သတိမထားမိပေမယ့် ချစ်သူကတော့ သင့်အပြုအမူတွေကို အမြဲတမ်းအကဲခတ်ဂရုတစိုက်နေမိမှာပါ။ အဲ့ဒီအခါ သင့်ရဲ့အပြုအမူကြောင့် အချစ်ရေးကို ဆူးညှောင့်ခလုတ်မဖြစ်အောင်လို့တောင် သတိထားနေဖို့လိုပါမယ်။

Digital Device များကို အလွန်အကျွံသုံးစွဲနေတာ

အခုခေတ်အတွက်တော့ အဓိက ဖုန်းပေါ့။ သင့်ရဲ့ချစ်သူနဲ့ ချိန်းတွေ့တဲ့အချိန်တွေမှာ Facebook Newfeed ကိုပဲ ပွတ်နေမိတာမျိုးတွေ၊ earphone တပ်ပြီး သီချင်းတွေပဲ နားထောင်နေတတ်တာမျိုး၊ ဒါမှမဟုတ် Game ကိုပဲ သဲကြီးမဲကြီးဆော့နေပြီး ဒီလို Digital Device တွေနဲ့ပဲ နစ်မြောရင်း သင့်ရဲ့ချစ်သူကို ဂရုမစိုက်မိတာတွေက စစချင်းမသိသာပေမယ့် တဖြည်းဖြည်းနဲ့ ဆူးညောင့်ခလုတ်တွေဖြစ်လာပါလိမ့်မယ်။

စကားကို နူးနူးညံ့ညံ့မပြောတာ

အချစ်သက်တမ်းကြာလာလေလေ အဖြစ်များလာလေလေကတော့ စကားကို နူးနူးညံ့ညံ့မပြောတော့တာ ဖြစ်ပါတယ်။ ဒီအချက်က Free Style နေတတ်တဲ့ စုံတွဲတွေအတွက် အရေးမကြီးပေမယ့်လည်း မိန်းမဆန်တဲ့ချစ်သူမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အရမ်းလိုအပ်ပါတယ်။ ဖုန်းပြောရင်ပဲဖြစ်ဖြစ်၊ Chat ရင်ပဲဖြစ်ဖြစ် ပြောချင်သလို မပြောချင်သလို ဆက်ဆံခံရရင် ဘယ်သူမဆို စိတ်ကသိကအောက်ဖြစ်မှာပါပဲ။ နောက်ပြီး ချစ်တယ်ဆိုတဲ့စကားကိုတောင် ကြားရဖို့ မလွယ်တော့ပဲ “အင်းလေ၊ ဟုတ်မှာပေါ့၊ လုပ်လေ၊ သဘော” စတဲ့ တိုတိုပြတ်ပြတ်စကားတွေကို သင် စိတ်ထဲမှာမပါပေမယ့် ပေါ့ပျက်ပျက်ပြောနေမိတယ်ဆိုရင် ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။

တခြားအတွဲတွေကို အားကျလွန်းတာ

အားမကျရဘူး ဘယ်ဟုတ်မလဲ။ အားကျအတုယူစရာအတွဲတွေတွေ့ရင် တကယ်အားကျရမှာပေါ့။ ဒါပေမယ့် သင့်ရဲ့ချစ်သူရှေ့မှာ သင် အားကျနေတဲ့အတွဲက တစ်ယောက်ကို တစ်ယောက် ဘာတွေလုပ်ပေးတာ၊ ဘယ်လိုချစ်တာ၊ ဘယ်မှာညစာစားကြတာ ဒါတွေကအစ သင့်ရဲ့ချစ်သူရှေ့မှာ ခဏခဏပြောပြနေမိမယ်ဆိုရင်တော့ သူ့ဘက်ကကြည့်မယ်ဆိုရင်လည်း အမြင်ကတ်စရာပါပဲ။ သူ့ဘက်က မလုပ်ပေးနိုင်တဲ့တစ်ချို့အရာတွေအတွက် သိမ်ငယ်မှုတွေဖြစ်လာမယ်ဆိုရင် သင်တို့ ဆက်ဆံရေးက ပျော်စရာကောင်းတော့မှာ မဟုတ်ပါဘူး။

တရားလွန် အနိုင်ယူပြတာ

တစ်ခါတစ်လေ စိတ်ထဲမှာမပါပေမယ့် လူလယ်ခေါင်ရောက်ရင် Show လုပ်ချင်တဲ့စိတ်နဲ့ သင့်ရဲ့ချစ်သူအပေါ် တရားလွန်အနိုင်ယူပြတာတွေ တစ်ချို့ရှိပါတယ်။ နှစ်ယောက်တည်းရှိချိန်တော့ အဲ့လောက်မဟုတ်ပေမယ့် သင့်ချစ်သူရဲ့ သူငယ်ချင်းတွေရှေ့ရောက်ရင်ဖြစ်ဖြစ်၊ သင့်ရဲ့သူငယ်ချင်းတွေရှေ့မှာပဲဖြစ်ဖြစ် ရိုက်ပုတ်တာ၊ စိတ်ကောက်တာ၊ ဇွတ်လုပ်တာတွေနဲ့ အတင်းပူဆာတာတွေဟာ သင့်ချစ်သူစိတ်ထဲမှာ အရှက်ခွဲတယ်လို့ အထင်ရောက်သွားနိုင်ပြီး တစ်ချိန် သင် နောင်တရနိုင်စရာကိစ္စတွေ ရှိလာနိုင်ပါတယ်။

အခုပြောပြတဲ့အချက်တွေဟာ အများအားဖြင့် ကလေးဆန်တဲ့ မိန်းကလေးတွေမှာ တွေ့ရတတ်ပြီးတော့ ဘာရယ်မဟုတ် သင်က စိတ်ထဲကမပါပဲ ပြုမူပြောဆိုမိလိုက်ပေမယ့် တစ်ဖက်သားအတွက်တော့ စိတ်ကသိကအောက်ဖြစ်သွားစေပါတယ်။ တစ်ခါနှစ်ခါနဲ့ မသိသာပေမယ့် လုပ်ပါများလာတဲ့အခါ သင်တို့ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ အရင်ကလောက် ကြည်နူးပျော်ရွှင်ဖို့ မကောင်းတာတွေ ကြုံတွေ့လာရပါလိမ့်မယ်။ ဒါမျိုးတွေကို ကောင်မလေးတွေပဲဖြစ်ဖြစ်၊ ကောင်လေးတွေပဲဖြစ်ဖြစ် သတိထားရှောင်ကြနော်။

သတင်းအရင်းမြစ် Moda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။