ပရိသတ်ကြီးရေ မနေ့ညက Novotel ဟော်တယ်မှာ ကျင်းပပြုလုပ်တဲ့ L’Oreal Paris အလှကုန်ပစ္စည်းတွေရဲ့ Red Carpet ပွဲမှာ ဆုရရှိခဲ့တဲ့ အနုပညာရှင်မမတွေရှိပါတယ်။

နိုင်ငံတကာအဆင့်မှီခမ်းနားထည်ဝါစွာ ကျင်းပခဲ့တဲ့ ဒီပွဲကို Star Event Production မှ ဂျွန်လွင်ဦးစီးကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

မနေ့ညက အဆိုပါ Red Carpet ပွဲမှာ နာမည်ကြီးအနုပညာရှင်တွွေတက်ရောက်ခဲ့ပြီး လူငယ်ဒီဇိုင်နာတွေရဲ့ ဖက်ရှင်ဖန်တီးမှုတွေကို မော်ဒယ် အနုပညာရှင်များကဝတ်ဆင်ပြသခဲ့ပြီး L’Oreal Paris ရဲ့နောက်ဆုံးထွက် နှုတ်ခမ်းနီတွေနဲ့ မိတ်ကပ့် မေဦး ကပြင်ဆင်ခြယ်သပေးခဲ့တာပါ။

တက်ရောက်ကြတဲ့ အနုပညာရှင်တွေအနက် ပရိသတ်အချစ်တော်တွေဖြစ်တဲ့ သရုပ်ဆောင် မိုးဟေကို ၊ ရွှေမှုန်ရတီ ၊ ပတ်ထရစ်ရှာ ၊သန္တာဗိုလ် ၊ခင်ရူပ နဲ့ Beauty Blogger နေခြည်ဦး(ချီချီ) တို့က အကောင်းဆုံးRed Carpet ဖက်ရှင်ဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို အရမ်းလှပခမ်းနားဆန်းသစ်တဲ့ ဝတ်စုံတွေကို ချုပ်လုပ်ပေးတဲ့ ဒီဇိုင်နာတွေ နဲ့ အနုပညာရှင်တွေရဲ့ အလှအပတွေပေါင်းစပ်လိုက်တဲ့အခါ အခုလို The Best Red Carpet Fashion ဆုကို ရရှိခဲ့ပုံပါပဲ။

ပရိသတ်ကြီးရေ.. ဒီမမလှလှတွေအတွက် ဂုဏ်ပြုစကားလေးပြောသွားပေးပါဦး။

Photo -wecom

သတင်းအရင်းမြစ် Xpress

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။