ဇူလိုင် ၂၃ ရက်နေ ့ဒီနေ ့မှာ ကျရောက်တဲ့ သရုပ်ဆောင် သက်မွန်မြင့်ရဲ ့မွေးနေ ့

ပရိသတ်ကြီးရေ ဒီနေ ့ကတော့ ပြည်သူ ့အချစ်တော် မင်းသမီးလေး သက်မွန်ရဲ ့မွေးနေ ့လေးပဲဖြစ်ပါတယ်။

ပရိသတ်ကြီးက မွေးနေ ့ဆုတောင်းစကားလေးတွေ ပြောသွားပါဦးနော်။

သက်မွန်ဟာ ဒီနေ ့မှာ ကျရောက်တဲ့ သူမရဲ ့မွေးနေ ့ကို တစ်ခါမှ မရောက်ဖူးသေးတဲ့ အရမ်းကို အနုပညာဆန် လှပလွန်းတဲ့ ပြင်သစ်နိုင်ငံရဲ ့မြို ့တော်

Paris မြို ့လေးမှာ ဖြတ်သန်းဖြစ်တယ်လို ့သိရပါတယ်။

ဒါကြောင့်မို ့ပျော်ရွှင်ကြည်နူးဖွယ်မွေးနေ ့လေးကို ကြုံတွေ ့ရတဲ့ အမှတ်တရအနေနဲ ့သူမရဲ ့စိတ်ခံစားချက်ကို ပရိသတ်ကြီးအတွက် အခုလိုပဲ

မျှဝေထားပါတယ်။

“မွေးနေ့ တခါ ရောက်ပြန်ပြီ

ဒီတစ်နှစ်တော့ မရောက်ဖူးသေးတဲ့ အရမ်းကို အနုပညာဆန် လှပလွန်းသော မြို့မှာ မွေးနေ့ကိုဖြတ်သန်းရတယ်

လူ့ဘဝဆိုတာ ဒီလိုပါပဲ

အိပ်မက်တွေလိုလို မမျှော်လင့်တာတွေ ဖြစ်တတ်တာပါပဲ

ချင်းတောင်ကနေ ဒီလိုဘဝရောက်အောင် ရိုးသားစွာ ကြိုးစားနိုင်ခဲ့တယ်

ဆက်လက်ချီတက်မယ်

Fighting TMM

Ps. ပျော်ရွှင်မှုတွေကို မျှဝေခြင်းသာ ကြွားလိုစိတ်မရှိ

ချမ်းသာတဲ့ ယောကျာ်းယူထားလို့လည်းမဟုတ်ပါ

အလုပ်တွေ အသားကုန် လုပ်ထားရပါတယ်

သူများကို ပြောတတ်ကြလွန်းလို့” လို ့သက်မွန်က ဆိုပါတယ်။

ပရိသတ်ချစ်တဲ့ သက်မွန်ဟာ အနုပညာခရီးလမ်းကို ကြိုးစားမှုတွေနဲ ့အခက်အခဲတွေကို ဖြတ်ကျော်ပြီး လျှောက်လှမ်းလာခဲ့ရာမှာ အခုဆိုရင်

အနုပညာရှင်တွေ တန်ဖိုးထားရတဲ့ အကယ်ဒမီရွှေစင်ရုပ်တု ၂ခုကို ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။

ပြင်ပ လက်တွေ ့ဘဝမှာလည်း ချစ်ခင်ပွန်းကိုစစ်နိုင် ချစ်စရာကောင်းတဲ့ သားတစ်ယောက် သမီးတစ်ယောက် နဲ ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို

ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

အကယ်ဒမီထက် ပရိသတ်တွေရဲ ့ အချစ်တွေကို ပိုတန်ဖိုးထားတယ်လို ့ဆိုခဲ့တဲ့ သက်မွန်ရဲ ့မွေးနေ ့အမှတ်တရ ပုံရိပ်လေးတွေကိုတော့ ပရိသတ်ကြီးက အခုလိုပဲ တွေ ့မြင်နိုင်ပါတယ်။ 

သတင်းအရင်းမြစ် Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။