အ.ထ.က (၂) အင်းစိန်မှ ဆဌမတန်းကျောင်းသားကို ကျောင်းဆင်ချိန်၌ လူတစ်ဦးက ခိုးယူ ခေါ်ဆောင်သွားသော်လည်း ကလေးမှာ ပြန်လည် လွတ်မြောက်လာ

`သူငယ်ချင်းတွေ ဆရာ ဆရာမတွေ မိဘတွေ လက်လှမ်းမီသလောက် သတိပေးရတာ ဟုတ်ဟုတ်မဟုတ်ဟုတ် ကလေးတွေအတွက် စိတ်ပူလို့´

ကလေးသူခိုးကိစ္စကလည်း စိတ်မအေးရပြန်ဘူး။ ငါတို့အင်းစိန်မှာ တောင်လာခိုးရဲတယ်။ မမိလို့မိရင်အသေဘဲ။

နာမည်ကြီးစာတော်တဲ ့ကျောင်း အထက၂အင်းစိန်မှာ ကျောင်းတက်နေတဲ့

မောင်ယောရှု ဆဌမတန်း က ကျောင်းသားဘုရားကယ်လို့အိမ်ပြန်ရောက်လာတယ် သူကိုမေးတော့သူကပြောပြတယ်ကျောင်းဆင်းချိန်မှာကျောင်းသားတွေနဲ့့ရှုပ်နေတဲ့အချိန်မှာအသက်ကြီးပိုင်းလူတစ်ယောက်ကလက်ဆွဲပြီးခေါ်သွားတယ်။ဘာလို့မအော်လဲမေးတော့သူဘာမှမသိဘူးလို့ပြောတယ်။သူ့လက်ကိုကြည့်တော့လက်မှာအပ်ပေါက်လေးနဲ့အဲ့ဒီအပ်ကသူ့လက်ထဲကိုသေချာမဝင်တော့သိပ်ပြီးဆေးရဲ့effectကိုမခံရလိုက်ဘူး ခဏကြာတော့သတိပြန်လည်ပြီးရှုန်းပြီးပြေးလာပြီးအိမ်မှာလာငိုနေတယ်။

ကျောင်းကကျောင်းအုပ်ဆရာမကြီးနဲ့အတူဆရာမ၅ယောက်အိမ်လာပြီးvideoရိုက်ပြီးပညာရေးမူး နဲ့အတူရဲ့စခန်းကိုပါအကြောင်းကြားမယ်လိုပြောတယ်။အဲ့ဒါကြောင့်အင်းစိန်တဝိုက်မှာတောင်လာခိုးနေပြီဆိုတာကိုပြောပြတာပါ။ကျောင်းတိုင်းလဲကလေးတွေကိုသတိထားကာကွယ်နိုင်အောင်ဒီpostကိုတင်ပေးလိုက်ပါတယ်။အဲ့ဒီကောင်လေးကအိမ်ကဘော်ဒါဆောင်မှနေပြီးကျောင်းတက်နေတာပါ လို့ facebook သုံးစွဲသူတစ်ဦးမှ သတိပေးထားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။