ကိုယ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကို ကြည့်ပြီး မျက်ရည်ကျခဲ့ရပါတယ်ဆိုတဲ့ လိုင်လာခမ်း

ပရိသတ်ကြီးရေ လိုင်လာခမ်းဟာ မြန်မာပြည်ဖွား အိန္ဒိယ ဘောလိဝုဒ် မင်းသမီးတစ်ဦးဖြစ်ပြီး သူမရဲ ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ တိုက်ဆိုင်မှုရှိလျှင်ဇာတ်ကားနဲ ့ပရိသတ်တွေရဲ ့အားပေးမှုကိုရရှိခဲ့သူပါ။

လိုင်လာခမ်းဟာ ရာဇဝင်ရိုင်းသူများရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားဟာ သူမကျေနပ်အားရမိတဲ့

ဇာတ်ကားဖြစ်ကြောင်းကို Posh Magazine ရဲ ့အင်တာဗျူးမှာ အခုလို ပြောပြသွားခဲ့ပါတယ်။

''ဒီကားလေးက ဒုတိယရုပ်ရှင်ဇာတ်ကားကြီးလေးပါ။ ဒါရိုက်တာက မောင်မျိုးမင်းရိုက်ကူးတာဆိုတောလည်း မျက်စိမှိတ်ပြီး ယုံကြည်တယ်။

ဇာတ်ကား အစအဆုံးကိုတော့ ပြန်ကြည့် ပြီးသွားပြီး။ သေချာပေါက် ကောင်းတယ်ဆိုတာယုံကြည်တယ်။

ပထမဇာတ်ကားတိုက်ဆိုင်မူရှိလျှင် ဇာတ်ကားတုန်းကတော့ဇာတ်လမ်းလေးကတစ်ခြားလူရဲ့ အိမ်ထောင်တစ်ခုကို အတင်းပြို ကွဲအောင်လုပ်ခဲ့တဲ့

အမျိုးသမီးတစ်ဦး အဖြစ်သရုပ်ဆောင်ထားတယ် ။

'' ရာဇဝင်ရိုင်းသူများ '' ဇာတ်ကားမှာက ကိုယ့်အိမ်ထောင်မပြိုကွဲဖို့ထိန်းသိမ်းရတဲ့ ပုံစံလေးသရုပ်ဆောင်ထားတယ်။

ဒီဇာတ်ကားမှာတော့ပရိတ်သတ် သနားပြီး ချစ်မယ်လို့မျှော်လင့်တယ်။ ကိုယ့်ရုပ်ရှင် ကိုယ်ပြန်ကြည့်ပြီး မျက်ရည်တောင်ကျမိတယ် ။

ဒီဇာတ်ကားလေးကလည်းပရိတ်သတ် သဘောကျမယ်လို့ယုံကြည်တယ်။ဇာတ်ကောင်စရိုက်တွေကအစ ကွဲပြားတယ်။

ကိုယ်လုပ်ဆောင်ရတဲ့အပိုင်းကိုလည်းအားရကျေနပ်မိတယ် '' လို့လိုင်လာခမ်းက ပြောပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ပုံဖေါ်တဲ့ ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင်တွေအနေနဲ ့ပြေတီဦး၊ မြင့်မြတ်၊

ပက်ထရစ်ရှာနဲ ့လိုင်လာခမ်းတို ့ပါဝင်ထားကြပါတယ်။

ဒီဇာတ်ကားကြီးကို သြဂုတ်လ ၄ ရက်နေ ့မှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို ့သိရပါတယ်။ 

သတင်းအရင်းမြစ် Posh Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။