မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာနေတွင်အသက်(၃)နှစ်ရှိ ကလေးကို ပထွေးဖြစ်သူမှမီးဖြင့်ရှို့ခြင်း ရေထဲတွင်နှစ်ထားခြင်း

နေပူထဲတွင်မတ်တတ်ရပ်ခိုင်းထားခြင်း စသည့် အမျိုးမျိုး ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာအုပ်

စု ပန်းမော်ကျေးရွာနေဒေါ်ဦးကျော့သိန်း၏ သမီးဖြစ်သူ

အသက်(၃)နှစ်ရှိ မနန်းရွှေစိုးကို ပထွေးဖြစ်သူ မင်းပြား

မြိ့ု့နယ် ပြင်ယောင်းကျေးရွာအုပ်စု င/တာကျေးရွာနေ

ဦးမောင်လင်းချေ မှမီးဖြင့်ရှို့ခြင်း ရေထဲတွင်နှစ်ထားခြင်း

နေပူထဲတွင်မတ်တတ်ရပ်ခိုင်းထားခြင်း စသည့် အမျိုးမျိုး

ညှင်းပန်းနှိပ်စက်အှုများပြုလုပ်ကြောင်း လူ ့အခွင့်အရေး

လှုပ်ရှားနေသူတစ်ယောက်သတင်းပေးပို ့ချက်အရသိရှိရ

ပါသည်

အမှုဖြစ်ပွါးသည့် မင်းပြားမြို့နယ် င/တာရွာ မှ

ကလေးငယ်အား အဖိုးအဖွားများကခေါ်ယူလာပြီးယနေ ့

၂ဝး ၁ဝး ၂၀၁၆ ရက်နေ့တွင် မြောက်ဦးရဲစခန်း၌ အဖိုး

ဖြစ်သူ မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာနေဦးထွန်းလှ

မှအမှုဖွင့်တိုင်တန်းထားပါသည်

ပြစ်မှုကျူးလွန်သူ ဦးမောင်လင်းချေ မှာ င/တာ

ွှွရွာ၌နေထိုင်ပြီးကလေးအမေ ဒေါ်ဦးကျော့သိန်းမှာလည်း

သူ ့လင်နဲ့အတူရှိနေကြောင်းသတင်းရရှိပါသည် ပထွေး

ဖြစ်သူ ဦးမောင်လင်းချေမှာ ကလေးအခွင်အရေးဆိုင်ရာ

သဘောတူစာချုပ် အပိုဒ် ( ၁၉ ) အရ ကလေးများအား

ရုပ်ပိုင်း စိတ်ပိုင်း နှိပ်စက်မှု ကျူးလွန်ခဲ့သည်မှာ မှန်ကန်

နေပါသည်

ပြစ်မှုကျူးလွန်သူအားဆက်လက်အရေးယူနိုင်

ရန် မြန်မာနိုင်ငံလူ ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ

အဖွဲ့ ရခိုင်ပြည်နယ်တာဝန်ခံမှအစဉ်တစိုက်ကြိုးပမ်းလျှက်

ရှိပါသည်

ပြစ်မှုကျူးလွန်သည်မှာမှန်ကန်မှုရှိကြောင်းကို

လည်း မြောက်ဦးမြို့နယ် ပရိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေး

မှူး ဦးဦးကျော်ဌေးကလည်းထောက်ခံချက်ပေးထားပြီး

ဖြစ်ပါသည်

ဆက်သွယ်စုံစမ်းနိုင်ပါသည်

၀၉၄၂၁၇၁၅၉၁၁ ဟု facebook သုံးစွဲသူတစ်ဦးမှ တင်ထားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။