Original Gangster ဇာတ်ကားနဲ့ လက်တလောပရိသတ်အားပေးမှုတွေရရှိလာတဲ့ အဆိိုတော် သရုပ်ဆောင် ယုန်လေးတစ်ယောက် ဆေးထိုးခံလိုက်ရပါတယ်။

လူမှုကွန်ရက်မှာ အမြဲတမ်းပျေ်ာစရာလေးတွေကလည်း ရေးတတ်တဲ့ အဆိုတော်ယုန်လေးဟာ မနေ့က သူ့ဖုန်းပျောက်နေတာကို ပြန်တွေ့ပြီလို့ ဆိုပါတယ်။

ဖုန်းပျောက်လို့ အကြီးအကျယ်စိတ်ညစ်နေတဲ့ ယုန်လေးကို ဖုန်းပျောက်တယ်ဆိုပြီး ဆေးထိုးထားသူကတော့ တခြားမဟုတ်ပါဘူး..ပရိသတ်အချစ်တော် ထွန်းထွန်း နဲ့ မိုးယံဇွန်ပါတဲ့။

"ကျွန်တော် ဖုန်းပျောက်သွားတုန်းက အရေးကြီး Data တွေအများကြီးပါသွားတော့ စိတ်ညစ်တယ်။

ကိုယ်ဟာကို လည်းအပြစ်တင်တယ်။

အားမကုန်ပဲ ချက်ချင်းပိတ်လိုက်တာတော့ သံသယတော့ဖြစ်တယ်။

ဒါ သက်သက် ကျွန်တော်ကိုအမြင်ကပ်တဲ့လူလား။

ဘယ်လောက်နဲ့ လာရွေးပါဆိုလို့ကတော့

လာပြီးကို စနစ်တကျ အမူလည်းမဖြစ်အောင် ဘယ်လိုလုပ်မယ်ဆိုတာ စီစဉ်ပြီးသား .

တကယ်တန်း အဲ့လိုလူတွေကို တွေ့တော့

Fuse မှာတောင် VIP ဝိုင်းမှာကျွေးမွေးပြုစုခဲ့ရသေးတယ်။

အောက်က ပြုံးစိစိနဲ့ ချီးထုပ်နှစ်ကောင် . . .

ဘာပဲဖြစ်ဖြစ် ဖုန်းပြန်ရလို့ပျော်ပါတယ်။

တပတ်လောက်တော့ အလုပ်တွေခဏပျက်သွားတယ်။

ရက်ရှည် ဆေးထိုးသွားတယ်။ တွေ့ပြီ . . ."" ဆိုပြီး ယုန်လေးကတော့ သူ့ရဲ့ဖေ့ဘုတ်မှာ သူ့သူငယ်ချင်းတွေနဲ့ပုံကို တင်လိုက်ပါတယ်။ 

သတင်းအရင်းမြစ် Kyaw Phone Aung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။