ဒွေးရဲ့တစ်ဦးတညး်သောသား ဝေယံမိုးကတော့ ခုလက်ရှိမှာအသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး စင်ကာပူမှာကျောင်းတတ်နေတာဖြစ်ပါတယ် ။

ဖခင်သေဆုံးချိန်က ဝေယံမိုးဟာ အသက် ၁ဝနှစ်ဝန်းကျင်သာရှိသေးပါတယ် ။ ဖခင်ရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ်ပွဲမှာ ကိုသားကြီးနဲ့ပါတ်သတ်တဲ့ အမှတ်တရတွေကိုအောက်ပါအတိုင်းပြောကြားထားပါတယ် ။ 

" သူဆုံးတာလွန်ခဲ့တဲ့ ဆယ်နှစ်ကဆိုတော့ ကျွန်တော့အသက် ၁၀ နှစ် ၁၁ နှစ်လောက်ရှိပြီပေါ့ ။ ကျွန်တော့မွေးနေ့မှာသူနောက်ဆုံးလက်ဆောင် စက်ဘီးလေးဝယ်ပေးခဲ့တယ် ။ အဲဒါလေးကတော့ခုထက်ထိမှတ်မိပါသေးတယ် ။ ဇာတ်ကားရိုက်ကွင်းတွေတော့လိုက်ဖြစ်တယ် ။ တစ်ခါတစ်လေကျရင် မေမြို့မှာဇာတ်ကားရိုက်ရင်း တစ်နှစ်ကို ၃ ၄ ခါလောက်လိုက်တယ် ။ တောထဲမှာဆော့ကစားခဲ့တာတွေတော့အမှတ်တရဖြစ်ခဲ့ပါတယ် ။ ကျွန်တော်ကအနုပညာကိုဝါသနာမပါတော့ အပြင်ဘက်ကအပိုင်းလေးနဲ့ပဲလေးစားတာပေါ့ ။ သူ့ရဲ့ အနုပညာကိုလဲ လေးစားပါတယ် ။ ဒါပေမယ့် ကျွန်တော်ကအနုပညာကို စိတ်မဝင်စားတော့ အဲဒါတွေ ကျွန်တော်မစဉ်းစားဘူးပေါ့ " လို့ဆိုပါတယ် ။

လက်ရှိမှာကျောင်းတက်နေတဲ့ ဝေယံမိုးက ပညာရေးဆုံးခန်းတိုင်ရင်တော့ မိခင်ဖြစ်သူ မမိုးမိုးကို ပြုစုလုပ်ကျွေးမယ်လို့ဆိုပါတယ် ။ 

" အခုကျွန်တော်ဆုံးဖြတ်ချက်ချထားတာတော့ ကျောင်းပြီးသွားရင် အလုပ်လုပ်မယ် ။ အနုပညာတွေဘာတွေလဲမစဉ်းစားဘူး ။ ကိုယ့်ဘာသာကိုယ်ပဲလွတ်လွတ်လပ်လပ်နေမယ် ။ ကိုယ်ရတဲ့ အလုပ်ကိုပဲကိုယ်အောင်မြင်အောင်လုပ်ရမှာပေါ့ ။ စင်ကာပူမှာပဲဆက်နေဖြစ်ပါမယ် ။ ကျွန်တော့ညီမလေး ဆည်းလည်းက အနုပညာအလုပ်လုပ်ချင်တော့လည်း လုပ်ပေါ့ ။ ကျွန်တော်တားတာမျိုးတော့မရှိဘူး ။ အကူအညီလိုတော့လည်း ကျွန်တော်ကအကိုအကြီးဆုံးဆိုတော့ သူလိုအပ်တဲ့ အချိန်မှာအကူအညီပေးရမှာပေါ့ ။ အမေ့ကိုကျတော့ ကျွန်တော်ကျောင်းပြီးမှပဲပြန်ထောက်ပံရမှာပေါ့ ။ အခုကျောင်းမပြီးခင်နောက်တစ်နှစ်လောက်ကတော့ စာပဲဆက်လုပ်ရမှာပေါ့ " လို့ Popular Journal မှာဖြေဆိုထားတာဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Popular Journal and wai yan moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။