အနုပညာလောကသားတွေပြီးရင် ပရိသတ်တွေ စိတ်ဝင်စားခံရဆုံး စိတ်ဝင်စားမှုအများဆုံးထဲမှာ မိတ်ကပ်ပညာရှင်များလည်း ပါဝင်ပါတယ်။ မြန်မာပြည်ရဲ့ နာမည်ကြီး ထိပ်တန်းမိတ်ကပ်ပညာရှင်တွေလို့ရင်တော့ မကြီးစန်း မထက်နဲ့ ညီညီမောင် တို့က မပါမဖြစ်ပါပဲ ပရိသတ်ကြီးရေ..

သူတို့ရဲ့ မိတ်ကပ်လိမ်းခြယ်ပုံတွေကို ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်လေ့ရှိတာနဲ့အမျှ သူတို့ရဲ့အချစ်ရေးကလည်း ပရိသတ်စိတ်ဝင်စားခြင်း ခံကြရပါတယ်။ ဒီတစ်ခါမှာတော့ MLoad မှ သူတို့နဲ့ သူတို့ရဲ့ လက်ရှိအချစ်ရေးအကြောင်းကို ပရိသတ်ကြီးအတွက် ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

မကြီးစန်းကတော့ မြန်မာပြည်ရဲ့ ကနဦးနာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ဦးလို့ ဆိုရပါမယ်ပရိသတ်ကြီးရေ။ တလောကဖြေဆိုခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ သူ့မှာ ချစ်သူရှိနေပြီး ထိုချစ်သူကလည်း အနုပညာလောကထဲက မင်းသားတစ်လက်ဖြစ်တယ်လို့ သူမကဆိုပါတယ်။ သူမတို့အချစ်ရေးကတော့ အနည်းငယ်အေးစက်တယ်လို့ သူမကဆိုပြီး public ကို ချပြမှာမဟုတ်ဘူးလို့လည်း ပြောပါတယ် ပရိသတ်ကြီးရေ.....

မြန်မာပြည်ရဲ့ ပထမဦးဆုံး shemale တစ်ဦးဖြစ်သလို ပရိသတ်တွေကြား စိတ်ဝင်စားခံရသူတစ်ဦးလည်း ဖြစ်တဲ့ မထက်ကလည်း သူမမှာ ချစ်သူရှိတယ်လို့ ဝန်ခံထားပါတယ်။ သူမရဲ့ ချစ်သူကတော့ ပြင်ပလောက ကဖြစ်ပြီး သူမတို့အချစ်ရေးကလည်း အဆင်ပြေသလို ချစ်သူရဲ့မိဘတွေနဲ့လည်း အဆင်ပြေတယ်လို့ သူမကဆိုပါတယ်။ လူမှုကွန်ယက်ပေါ်ကတဆင့် public ကိုချမပြထားပေမယ့် အပြင်မှာတော့ တွဲသွားတွဲလာလုပ်ပါတယ်လို့ သူမကဆိုပါတယ်။

ဝါရင့် မိတ်ကပ်ပညာရှင် တစ်ဦးဖြစ်သူ ညီညီမောင် (စမ်းချောင်း) ကလည်း လက်ရှိ တွဲနေတဲ့ချစ်သူရှိနေပြီဖြစ်ကြောင်းကို MC က အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတာတွေ့ရပါတယ်။ သူမရဲ့ ချစ်သူကတော့ အနုပညာလောကထဲက ဖြစ်ပြီး ဒီဇိုင်နာတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ စိတ်ကောက်နေကြပြီး ရည်းစားဖြစ်တာကတော့ နှစ်နှစ်ရှိပါပြီလို့ သူမကဆိုပါတယ် ပရိသတ်ကြီးရေ....

Photo Surce: Khin San Win, Ma Htet & Nyi Nyi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။