အိမ်ရှင်မ အများစုကတော့ စပါးလင်ကို သိကြမှာပါ။ အထူးသဖြင့် မုန့်ဟင်းခါး ချက်တဲ့အခါ၊ ငါးမွှေကြော်တဲ့ အခါနဲ့ ငါးဟင်းတွေ အနံ့ပျောက်ဖို့ အနံ့မွှေးဖို့ကို အသုံးပြုလေ့ ရှိကြပါတယ်။ တစ်ချို့တွေကတော့ စပါးလင် ကို အနံ့ပျောက်ဆေး၊ လက်ဖက်ခြောက် စသည်ဖြင့် အခြားသော ထုတ်ကုန်တွေမှာလည်း အသုံးပြုလာတာကို တွေ့မြင်ရမှာပါ။

စပါးလင်ကလည်း ကျန်းမာရေးအတွက် သင့်တော် ကောင်းမွန်ပါတယ်။ ဘာတွေအကျိုးကျေးဇူးများလဲ ဆိုတာကို လေ့လာကြည့်ရအောင် … ။ 

(၁) ဗီတာမင်ဓာတ်များ ပြည့်ဝခြင်း

စပါးလင်တွင် ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဓာတ်များစွာ ပါဝင်နေပါတယ်။ Vitamin A, B1, B2, B3, B5, B6, နှင့် Vitamin C တို့ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ဓာတ်များကို ထောက်ပံ့ပေးနိုင်စွမ်း ရှိပါတယ်။

(၂) Cholesterol ထိန်းညှိပေးနိုင်ခြင်း

စပါးလင် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ Cholesterol များနေခြင်း၊ နည်းနေခြင်း စသည်တို့ကို ထိန်းညှိပေးနိုင်ပါတယ်။ Cholesterol နှင့် ပတ်သက်ပြီး ရောဂါခံစားနေရသူများအဖို့ စပါးလင်ကို စားသုံးပေးသင့်ပါတယ်။ 

(၃) ဘီပိုးရောဂါကို ပျောက်ကင်း သက်သာစေခြင်း

စပါးလင်များကို ရေစင်အောင်ဆေး၍ ဆေးကြောသန့်စင်ပြီးနောက် ပြုတ်ပါ။ ၄င်းပြုတ်ရည်ကို တစ်နေ့သုံးကြိမ် လက်ဖက်ရည်သောက်ခွက် ပမာဏဖြင့် တစ်နေ့သုံးကြိမ် သောက်ပေးပါက တစ်ပတ်ခန့်ကြာသည့်အခါတွင် အသည်းရောင် အသားဝါဘီပိုးကို သက်သာပျောက်ကင်းနိုင်စေနိုင်ပါသည်။

(၄) ၀ိတ်ချရာတွင် အသုံးဝင်ခြင်း

စပါးလင် ပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ မလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး ၀ိတ်ချတဲ့ အခါမှာ အလွန်ကို အသုံးဝင်ပါတယ်။

(၅) အစာကြေလွယ်ခြင်း

အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်နေပါက စပါးလင် ၂ပင်ကို ရေ (၂) ခွက်နှင့် ကြိုချက်သောက်ရုံဖြင့် သိသာစွာ အစာကြေလွယ်စေပါတယ်။

(၆) ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးခြင်း

စပါးလင်ကို စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါပိုး ပျံ့နှံ့မှုကိုလည်း ထိ််န်းချုပ်ပေးနိုင်တဲ့အပြင် ကင်ဆာရောဂါ မှလည်း ကာကွယ်ပေးပါတယ်။ 

(၇) တုပ်ကွေးရောဂါကို သက်သာပျောက်ကင်းစေခြင်း

ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ တုပ်ကွေးများကို သိသာစွာ ပျောက်ကင်းသက်သာစေပါတယ်။ လျှင်မြန်စွာ အဖျားကျစေပါတယ်။ စပါးလင်ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် တုပ်ကွေးရောဂါကို သက်သာ ပျောက်ကင်းစေပါတယ်။

(၈) ဦးနှောက် မှတ်ဉာဏ်အား ကောင်းစေခြင်း

စိတ်ဖိစီးမှုနှင့် ခန္ဓာကိုယ် မောပန်းနွမ်းနယ်မှုကို သက်သာပျောက်ကင်းစေတာကြောင့် အိပ််မပျော်ခြင်း၊ စားမဝင်ခြင်း၊ နွမ်းနယ်ခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်းများ သက်သာစေသည့်အပြင် ဦးနှောက် မှတ်ဉာဏ်အား ကောင်းဖို့အတွက်လည်း ထောက်ပ့ံပေးနိုင်ပါတယ်။

(၉) ရောင်ရမ်းမှုကို ပျောက်ကင်းစေခြင်း

ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း စသည်တို့ကို သက်သာပျောက်ကင်းစေပြီး အဆစ်အမြစ်ရောင်နာ၊ သွားကိုက်နာ နှင့် ဆီးအောင့်ခြင်းမှလည်း သက်သာစေပါတယ်။

ထိုကဲ့သို့့ စပါးလင်၏ အကျိုးကျေးဇူးများကို သိရှိနားလည်ပြီးနောက် ရာသီပေါ်တုပ်ကွေးအတွက် ဖြစ်စေ၊ အခြားသော ကျန်းမာရေး ကောင်းကျိုးများအတွက် ဖြစ်စေ စပါးလင်ကို အသုံးတည့့်စွာ အသုံးပြုနိုင်စေရန်အတွက် စပါးလင်မှ ရသော ကျန်းမရေး ကောင်းကျိုးများအကြောင်း ရည်ညွှန်းဖော်ပြလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။