တရားရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာရဲ့ ဘဏ်အကောင့်တွေထဲက တစ်ချို့ကို ထိုင်း တရားရေး ဝန်ကြီးဌာနက ထိန်းချုပ်လိုက်ကြောင်း Voice of America မှာဖော်ပြထားပါတယ်။ 

အဆိုပါထိန်းချုပ်မှုကို ယင်းလပ်ရဲ့ ဥပဒေရေးရာ အဖွဲ့က ပြောကြားခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ချိန်က ဒေါ်လာ ဘီလီယံနဲ့ ချီပြီး နစ်နာဆုံးရှုံးစေခဲ့တဲ့ အစိုးရရဲ့ ဆန်စပါး ထောက်ပံ့ငွေ စီမံကိန်းနဲ့ ပတ်သက်ပြီး အမှု ရင်ဆိုင်နေရတာပါ။ 

အဲဒါကြောင့် ယင်းလပ်ကို ဒဏ်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၁၀၀၀) ချမှတ်ခဲ့သလိုအခုလို ဘဏ်အကောင့်တွေ ထိန်းချုပ်မှုက ဒဏ်ငွေချမှတ်ထားတဲ့ ပြစ်ဒဏ်နဲ့ သက်ဆိုင်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Aung

သတင်းအရင်းမြစ် Voice of America

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။