အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ အကယ်ဒမီ မယ်လိုဒီကိုတော့ ပွဲတွေမှာ လှပကျော့ရှင်းစွာနဲ့ ပြန်လည်တွေ့မြင်နေရပါတယ်။ ပရိသတ်တွေကြား မဟာဆန်တဲ့အလှကြောင့်နာမည်ကြီးတဲ့သူမဟာ သားလေးမွေးပြီးဝလာတဲ့ ခန္ဓာကိုယ်ကိုကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြောင့် သူမဘယ်လိုဝိတ်ချခဲ့သလည်း ဆိုတာနဲ့ပတ်သတ်ပြီးလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

သူမအနေနဲ့ အကယ်ဒမီရပြီး အောင်မြင်နေချိန်မှာပဲ အနုပညာအလုပ်တွေ ရပ်နားခဲ့တာကြောင့် ပရိသတ်တွေအံ့အားသင့်ခဲ့ကြပါတယ်။ သူမဘာကြောင့် ရပ်နားခဲ့သလည်းဆိုတာကိုတော့ သူမက Duwun Media သို့ ယခုလိုဖြေဆိုထားတာတွေ့ရပါတယ်။

"”အဓိကကတော့ အစ်မစိတ်မခိုင်လို့ပေါ့။ သူရဘီလူးရုပ်ရှင်ဇာတ်ကားကြီး ရိုက်နေတဲ့အချိန်မှာလည်း မျက်စိကျန်းမာရေးမကောင်း ဖြစ်တယ်။ ပြီးတော့ လော်မင်္ဂလာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ လက်ခံအချိန်လည်းဖြစ်နေတယ်။ အဲ့ဒီတုန်းကတော့ မျက်လုံး ကျန်းမာရေးကို မြန်မာနိုင်ငံမှာလည်း အတတ်နိုင်ဆုံးဆေးကုသမှုခံယူတယ်။ရိုက်ကူးရေးတွေကလည်း အားလုံးပြင်ဆင်ပြီးကာမှ အဆင်မပြေတာတွေရှိတယ်၊ ညှိမရတာ တွေဖြစ်ခဲ့တော့ ကိုယ့်ကိုနားမလည်ပေးကြပါလားဆိုတဲ့ စိတ်နဲ့ ခံစားချက်ဖြစ်သွားတာပါ။ အဲ့ဒါကလည်း ကိုယ်နဲ့အရမ်းရင်းနှီးတဲ့ လူတွေပါပဲ။ နောက်တော့ ရှုတင်တစ်ခုပေါ့ ကိုယ့်အိမ်မှာလည်းရိုက်ခွင့် ပေးထားတယ် ရိုက်ခွင့် စားရိတ်လည်းမယူခဲ့ဘူး။ဒါပေမယ့် မျက်စိအတွက် ဆေးခန်းကလည်း ပြရတော့မှာဆိုတော့ တစ်ရက်လောက် ရှုတင်ခွင့်ယူတာကို အဲ့ဒီနေ့အတွက်ရှုတင် စားရိတ်ကိုလျှော်ခိုင်းတယ်။ အဲ့ဒီမှာလည်း လူတွေပိုက်ဆံတော်တော်မက်ကြပါလားပေါ့ ဆိုပြီးတွေးမိတယ်” လို့ သူမကဆိုပါတယ်။

”နေပြည်တော်မှာ လုပ်တဲ့အကယ်ဒမီပေးပွဲကို သွားပြီး ပြန်လာတာပေါ့ နေ့ချင်းပြန်ကားမောင်းခဲ့ရတဲ့အတွက် မျက်စိကလည်း နာလာ တယ်။ အဲ့ဒီနောက်နေ့မှာလည်း ကိုနေတိုးနဲ့ကြော်ငြာရိုက်စရာရှိတယ်။ရိုက်မယ့်လူကလည်း (NVG)နဲ့ရိုက်ရမှာပေါ့ အဲ့ဒီ ညမှာပဲ ကြော်ငြာအတွက် အကျႌတွေကို ထပ်တိုးတောင်းတယ် ကိုယ့်ကိုလည်း လုပ်ပေးမယ့်လူ မရှိဘူး။ မျိုးဘက်က ဒီလို မပြည့်စုံတဲ့ အားနည်း ချက်တွေကြောင့် နောက်တစ်နေ့ရှုတင်မှာ ဘယ်လိုမှ အဆင်မပြေခဲ့ဘူး။

အဲ့ဒီ အတွက် ဖုန်းဆက်ပြီးတော့ အဆင်မပြေတဲ့ အကြောင်း ဘာကြောင့် မလာနိုင်တော့တဲ့အကြောင်းကို ပြောတယ် ဒါကတော့ မျိုးရဲ့ မဟာအမှားပါ။ အဆင်မပြေခဲ့ဘူး ကိုနေတိုးရော၊ ကိုနိုင့် ဘက်ကရောဘာမှမတုံ့ပြန်ခဲ့ခြင်းမရှိဘူး။ ဒါပေမယ့်ကိုယ့်မှာ စိတ်ဒဏ်ရာ ရခဲ့တယ်။ ကိုယ့်မှာ လိုအပ်ချက်တွေရှိနေပါသေးလား မပြည့်စုံတဲ့ဘဝမှာ ဘာမှကိုမလုပ်ချင်တော့တာ၊ အနုပညာအလုပ်ကို စိတ်ကုန်သွားတယ်၊ အဲ့ဒီအတွက်လည်း ဒီနေရာကနေပဲ ကိုနိုင်(NVG) ကိုရော၊ ကိုနေတိုးကိုရော တောင်းပန်ပါတယ်” လို့ သရုပ်ဆောင်မယ်လိုဒီက Duwun သို့ ပြောခဲ့ပါတယ် ပရိသတ်ကြီးရေ.....

Source: Duwun Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။