အမေရိကန်ပြည်ထောင်စုမှာ မြွေဟောက်အရှင်(၃)ကောင်ကို တရားမဝင် သွင်းယူဖို့ စီစဉ်တယ်လို့ သံသယရှိတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ Telegraph မှာဖော်ပြထားပါတယ်။ အဆိုပါအမျိုးသားကို ပြစ်မှုထင်ရှားစီရင်ခံရမယ်ဆိုရင် ထောင်ဒဏ်နှစ်(၂၀)အထိချမှတ်နိုင်ပါတယ်။

ဖက်ဒရယ်အစိုးရရှေ့နေတွေပြောကြားချက်အရ ပြီးခဲ့တဲ့မတ်လက အသက်(၃၄)နှစ်အရွယ် ရိုဒရီဂို ဖရန်ကိုရဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ အိမ်လိပ်စာဆီ ဟောင်ကောင်ကနေ သဘောင်္နဲ့တင်ပို့လိုက်တဲ့ ပစ္စည်းတွေကို အကောက်ခွန်အရာရှိတွေက ကြားဖြတ်စစ်ဆေးခဲ့ရာမှာ အာလူးကြော်ထည့်တဲ့ဗူးအတွင်း (၂)ပေအရှည်ရှိ အဆိပ်ပြင်းတဲ့ မြွေတွေနဲ့အတူ တရုတ်နိုင်ငံက အခွံပျော့လိပ်(၃)ကောင်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ငါးနဲ့ တောရိုင်းတိရစ္ဆာန်ဝန်ဆောင်မှု ဖက်ဒရယ်အရာရှိတွေက ဖရန်ကိုရဲ့ အိမ်လိပ်စာဆီ ပစ္စည်းထုတ်ကို ပို့ဆောင်ရာမှာ မြွေဟောက်တွေကို ချန်လှပ်ခဲ့ပြီး လိပ်တွေကိုပဲ ပေးပို့ခဲ့ပါတယ်။ အဲ့ဒီနောက် အရာရှိတွေက ဝရန်းထုတ်ပြီးရှာဖွေရာမှာမက်ဆီကိုမိကျောင်းပေါက်တစ်ကောင်၊ မိကျောင်းလိပ်တွေအပါအဝင် အခြားလိပ်အမျိုးအစားတွေကို တွေ့ရှိခဲ့ပါတယ်။ ဖရန်ကိုကလည်း ဝန်ခံခဲ့ပြီး အရင်က အခြားသင်္ဘော(၂)စီးနဲ့အတူ မြွေဟောက် အကောင်(၂၀)လက်ခံရရှိခဲ့ကြောင်းနဲ့ တစ်နိုင်ငံကနေတစ်နိုင်ငံကို ပို့ဆောင်စဉ် မြွေဟောက်တွေအားလုံး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Aung

သတင်းအရင်းမြစ် Telegraph

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။