အမျိုးသားတစ်ဦးရဲ့ HIV ဗိုင်းရပ်ကို မပျံ့အောင် စမ်းသပ်ဆဲ ပဋိဇီဝပစ္စည်းတစ်မျိုးက (၁၀)လကြာ ထိန်းသိမ်းပေးထားနိုင်တယ် ကြောင်း BBC News မှာဖော်ပြထားပါတယ်။ 

စမ််းသပ်ကာလအတွင်း ပဋိဇီဝပစ္စည်းကို ထိုးသွင်းစမ်းသပ်ထားတဲ့ လူ(၁၈)ဦးအနက် အမျိုးသားတစ်ဦးမှာ HIV ဗိုင်းရပ်ကို (၁၀)လကြာ မပျံ့တဲ့ အဆိုပါရလဒ်ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆရာဝန်တွေကဆိုထားပါတယ်။ဒါ့အပြင် စမ်းသပ်တွေ့ရှိချက်အရ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာ ဗိုင်းရပ်နိုးကြားလာမှု (၂)ပတ်နီးပါးကြာ နှောင့်နှေးအောင် ထိန်းသိမ်းပေးထားနိုင်တယ်လို့ ဆိုပါတယ်။ 

ဆရာဝန်တွေက အထက်ပါတွေ့ရှိချက်ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ပြုလုပ်တဲ့ (၉)ကြိမ်မြောက် HIV သိပ္ပံဆိုင်ရာ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်း ညီလာခံမှာ တင်ပြခဲ့တာဖြစ်ပါတယ်။ စမ်းသပ်မှုကိုတော့ အမေရိကန်စစ်ဘက်ဆိုင်ရာ HIV သုတေသနစီမံကိန်းက ဦးဆောင်ပြီး ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Aung

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။