အမျိူးသားဘေးကနေ ပါရမီ ဖြည့်ပေးရတာ ပျော်ပါတယ်လို့ ဒေါက်တာနုနန္ဒာသန်းက Myanmar Celebrities ကိုပြောပြခဲ့တာပါ

မြန်မာပြည်ရဲ့ စွယ်စုံရ အဆိုတော်တစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ဟာ Myanmar Idol Season2 မှာ ဒိုင်တစ်ဦးအဖြစ်ပြန်လည်ပါဝင်ခဲ့ရာက လူကြီးလူငယ်မရွေး ချစ်ခင်အားပေးမှုကို ပိုပြီးရရှိလာတာပါ

လက်တလော သူ့ရဲ့ ဖက်ရှင်တွေကလည်း အားလုံးထဲမှာ အထူးအခြား အဆန်းသစ်ဆုံးဖြစ်တဲ့အတွက် ပရိသတ်တွေကြား ရေပန်းစားနေသူပါ

သူနဲ့အတူ အဝတ်အစားဖက်ရှင်ပိုင်းကအစ ဘေးနားက ပါရမီဖြည့်ပေးသူကတော့ သူ့ရဲ့ ဒုတိယအိမ်ထောင်ဖြစ်တဲ့ ဒေါက်တာနုနန္ဒာသန်းပါပဲ

ခင်ပွန်းနဲ့ ပတ်သတ်တဲ့ ခံစားချက်တွေကိုတော့ Myanmar Celebrities (Myanmar Cele wiki ) ကို အခုလို ပြောပြခဲ့ပါတယ်။ " အစကတည်းက သူက စိတ်ထားနူးညံ့တယ် သဘောလည်း ကောင်းတယ်။ အဲ့ဒီတော့သူ့ဆီကနေ တခြားသူတွေက အခွင့်အရေးယူတာ မျိူးတွေလည်း ကြုံရဖူးတယ်။

ကျွန်မက ဘေးနားကနေပြီးတော့ သူ့အားနည်းချက် အားသာချက်တွေကို ထောက်ပြတယ်။ သူ့ကို ကျန်းမာရေးနဲ့ ပတ်သတ်တဲ့စောင့်ရှောက်မူတွေ ၊ဆေးတွေကိုလည်း အချိန်မှန် ပုံမှန်တိုက်တ။ယ် ကျွန်မကတော့ သူအတွက်ဆိုရင် ဘေးနားကနေပဲ ပါရမီ ဖြည့်ပေးရရင်ပျော်ပါတယ် " လို့ပြောပါတယ်

သတင်းအရင်းမြစ် Myanmar celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။