လိင်အင်္ဂါ ပြောင်းလဲထားသူတွေကို အမေရိကန် စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခွင့် မပြုနိုင်ဘူးလို့ သမ္မတ ထရမ့််ပ်က ပြောကြားလိုက်ကြောင်း New York Times မှာဖော်ပြထားပါတယ်။

ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်တွေ ကြီးမားလွန်းတဲ့အပြင် အနှောင့်အယှက်တွေ ဖြစ်နိုင်တာတွေကြောင့် လိင်အင်္ဂါ ပြောင်းထားသူတွေကို စစ်တပ်ရဲ့ ဘယ်လိုအခန်းကဏ္ဍမျိုးမှာမဆို တာဝန်ထမ်းဆောင်ခွင့် မပြုနိုင်တာဖြစ်တယ်လို့ တွစ်တာပေါ်မှာ သမ္မတ ထရမ့််ပ်က ရေးသားခဲ့ပါတယ်။သမ္မတရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် နယူးယောက်မြို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။

သမ္မတထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ စစ်တပ်အတွက် အကောင်းဆုံးကို စဉ်းစားဆုံးဖြတ်တာ ဖြစ်ပြီး အမျိုးသား လုံခြုံရေးအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်ခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။

Aung 

သတင်းအရင်းမြစ် New York Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။