အမျိုးသားတစ်ဦးကဇနီးဖြစ်သူကို သူ့ကိုလှောင်ရယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သတ်ဖြတ် လိုက်တယ်လို့ ဖက်ဒရယ် စုံစမ်းထောက်လှမ်း ရေးဗျူရို(FBI)က ထုတ်ပြန်လိုက်ကြောင်း Fox Newsမှာဖော်ပြထားပါတယ်။အခင်းဖြစ်စဉ်က အမေရိကန်ပြည်ထောင်စု အူတားပြည်နယ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ကန်နက် မန်ဇာနာရက်စ် ဆိုသူ အမျိုးသားဟာ ဇနီးဖြစ်သူ ခရစ်စတီ ကို Princess အမည်ရှိ ခရုစ်သင်္ဘောပေါ်မှာ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ 

ကန်နက်နဲ့မိန်းမဖြစ်သူ အခန်းထဲကို အသိမိတ်ဆွေတစ်ဦးက ဝင်လာခဲ့ရာကနေ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသမီးရဲ့အလောင်းနဲ့ လက်မှာ သွေးတွေပေနေတဲ့ ကန်နက်ကို တွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ကန်နက်က ဇနီးဖြစ်သူဟာ သူ့ကို လှောင်ရယ်နေတာ မရပ်တဲ့အတွက် အခုလို သတ်ပစ်လိုက်တာလို့ ပြောခဲ့ပြီး အလောင်းကို အပြင်ဆွဲထုတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီအမျိုးသားက သူတို့ကို ဟန့်တားပြီး သင်္ဘောလုံခြုံရေးအရာရှိတွေကို အကြောင်းကြားခဲ့ပါတယ်။ 

သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို စစ်ဆေးဖို့အတွက် သဘောင်္ပေါ်မှာ နာရီအတော်ကြာ ထိန်းသိမ်းထားခဲ့သလို အချိန်ကြာမြင့်မှုအတွက် ခရီးသည်တွေကို နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ (၁၅၀)စီပေးသွားဖို့စီစဉ်ခဲ့ပါတယ်။

Aung

သတင်းအရင်းမြစ် Fox News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။