၂၀၁ရခုနှစ်အတွင်းတောင်ကိုရီးယားနိုင်ငံတွင်စံချိန်တင်မွေးဖွားနှုန်းကျဆင်းသွားလိမ့်မယ်လို့တာဝန်ရှိသူတွေကပြောကြားထားကြောင်း BBC News မှာဖော်ပြထားပါတယ်။
လက်ရှိရောက်ရှိနေတဲ့နှစ်အပိုင်းအခြားအတွင်းကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန်ကြိုးစားနေပေမယ့် အခုလို စံချိန်တင်ကျဆင်းနိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ ဆိုပါတယ်။ ၂၀၁ရခုနှစ်လက်ရှိကာလအထိ ကလေး(၃)သိန်း(၆)သောင်းခန့်သာ မွေးဖွားနိုင်ပြီး အသက်အရွယ်ကြီးရင့်သူ များပြားနေတဲ့ လူဦးရေကြောင့် နိုင်ငံရဲ့စီးပွားရေးအပေါ် ထိခိုက်မှု ရှိလာမှာကို စိုးရိမ်နေကြပါတယ်။
ကလေးမွေးဖွားနှုန်းကျဆင်းတာဟာ ငယ်ရွယ်သူတွေ အလုပ်လက်မဲ့နှုန်း တိုးလာခြင်းကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁ရသည်မွေးဖွားနှုန်း(၄)သိန်းအောက် ကျရောက်တဲ့ ပထမဆုံးနှစ်ဖြစ်ကြောင်းနဲ့ တောင်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်ကျော်အတွင်း မွေးဖွားနှုန်းမြင့်တက်လာစေဖို့ အမေရိကန်ဒေါ်လာ (၇၀)ဘီလီယံခန့် သုံးစွဲခဲ့ကြောင်းသတင်းမှာ ဖော်ပြထားပါတယ်။
Aung
သတင်းအရင်းမြစ် BBC News
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။