အမျိုးသမီးတွေဆိုတာ ကိုယ်ချစ်ရတဲ့သူနဲ့ အတူ လက်ထပ်ပြီး သားသားမီးမီးလေးတွေ မွေးပေးချင်တာ သူတို့ရဲ့ ရိုးရှင်းတဲ့ ဆန္ဒလေးပါ။

ကလေးလိုချင်ပေမယ့် ကလေးမရတဲ့ စုံတွဲတွေရှိကြမှာပါ။ ဘယ်လိုအခြေအနေမျိုးမှာလဲ ဘာကြောင့် ကလေးမရတာလဲဆိုတာ အမျိုးသားရော အမျိုးသမီးရော ကျနး်မာရေးပေါ် မူတည်နေပါတယ်။

မျိုးအောင် မှုရှိမရှိဆိုတာ အမျိုးသမီးတွေအနေနဲ့တော့ အခုလို သားအိမ်ခေါင်းချွဲပုံစံကို ကြည့်ပြီး ခန့်မှန်းနိုင်တယ်လို့ သိရပါတယ်။ 

1. အဖြူရောင်သားအိမ်ခေါင်းချွဲ - မျိုးပွားမှုကောင်း

ရာသီပြီးတဲ့နောက် သားအိမ်ခေါင်းချွဲများလာတာကို သတိထားမိပါလိမ့်မယ်။ ရက်အနည်းငယ်အကြာမှာ ပိုပြီးစိုစွတ်လာမယ်။ ပိုပြီးချောမွတ်လာပါမယ်။ အဖြူရောင် ကြက်ဥနှစ်လိုပုံစံမျိုးရှိတဲ့ သားအိမ်ခေါင်းချွဲဟာ မျိုးဥအောင်ဖို့အကောင်းဆုံးပါပဲ။ စေးကပ်တဲ့သားအိမ်ခေါင်းချွဲဟာ သုတ်ကောင်လေးတွေ သားအိမ်ခေါင်းထဲသို့ ပိုမိုလွယ်ကူစွာဝင်ရောက်စေပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ကြက်ဥအစိမ်းရဲ့ အနှစ်လိုဖြူနေပြီး ဆွဲဆန့်လိုက်လို့ အလယ်မှာပြတ်တောက်မသွားဘဲ2 cm အရှည်ရှိမယ့် သားအိမ်ခေါင်းချွဲမျိုးဖြစ်ပါတယ်။

2. အရည်ကျဲကျဲသားအိမ်ခေါင်းချွဲ-မျိုးပွားနိုင်မှုအကောင်းဆုံး

သားအိမ်ခေါင်းချွဲဟာပိုမိုစိုစွတ်လာပြီး၊ ပိုမိုအရည်ကျဲစိုစွတ်လာမယ်ဆိုရင် သားဥကြွေဖို့ နီးတဲ့ရက်ပါ။ ဒီအချိန်ဟာ ရာသီစက်ဝန်းရဲ့ အလယ်ဖြစ်ပါတယ်။ ထိုကဲ့သို့ သားအိမ်ခေါင်းချွဲမျိုးဟာလည်း သုတ်ပိုးတွေကိုသားအိမ်ခေါင်းထဲ ချောမွေ့စွာဝင်ရောက်စေဖို့ကူညီပါတယ်။ အဲဒီလိုအရည်ကျဲတဲ့ သားအိမ်ခေါင်းချွဲဖြစ်မယ်ဆိုရင် သင့်ရဲ့အတွင်းခံမှာဆီးသွားထားသလို စိုစွတ်နေပါလိမ့်မယ်။

3. ၀ါကျင့်ကျင့် သားအိမ်ခေါင်းချွဲ - မျိုးပွားနိုင်မှုမကောင်း

သားဥကြွေပြီးနောက် သားအိမ်ခေါင်းချွဲဟာစိုနေမှာ၊ ချွဲနေမှာတော့မဟုတ်ပါဘူး။ ၀ါကျင့်ကျင့် သားအိမ်ခေါင်းချွဲဟာ မျိုးပွားမှုမကောင်းပါဘူ။ ဘာကြောင့်လဲဆိုတော့ ဒီချွဲမျိုးဟာသုတ်ပိုးကောင်ရဲ့ သွားလာမှုကိုအဟန့်အတားဖြစ်စေလို့ပါ။ အဖြူရောင်ခပ်ထူထူပျစ်ပျစ် (သို့မဟုတ်) အဝါရောင်ခပ်ထူထူပျစ်ပျစ်ရှိတတ်ပါတယ်။

4. စေးကပ်သောသားအိမ်ခေါင်းချွဲ - မျိုးပွားနိုင်မှုမကောင်း

ရာသီလာတာအတော်လေးကြာပြီးတဲ့နောက် သားအိမ်ခေါင်းချွဲဟာစေးကပ်လာပါမယ်။ အဲဒီသားအိမ်ခေါင်းချွဲဟာ ကလေးရဖို့ ခက်ခဲဆုံးပါ။ သားအိမ်ခေါင်းချွဲဟာထူခဲပြီး ကော်အနှစ်လိုဖြစ်နေတဲ့ ဒီလိုအချိန်မှာသုတ်ကောင်တွေ သားအိမ်ခေါင်းထဲကိုဝင်ရောက်ဖို့ ခက်ခဲသွားပါပြီ။

သတင်းအရင်းမြစ် Dr Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။