ပြိုင်ဘက်၊ဘောစိ - Bossy၊မင်းလည်းဘိုကေ ငါလည်းဘိုကေ အစရှိတဲ့ ဇာတ်ကားတွေနဲ့ ထင်ရှားလာတဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ခွင့်ပြုမိန့်မကျပဲရိုက်ခဲ့တဲ့ ရုပ်ရှင်အကြောင်းအရာနဲ့ ဆင်ဆာကိစ္စကို အခုလို ပြောကြားလိုက်ပါတယ်။

“ပြောပြချင်နေတာကြာပါပြီ

ဒါပေမယ့် ထုတ်လုပ်ရေးအတွက်ကော

ဒါရိုက်တာအတွက်ကော

သရုပ်ဆောင်တွေအတွက်ကော

သူများထမင်းအိုးမို့ အဲဒီအချိန်က ငြိမ်ပေးလိုက်တာပါ

လောကသားအချင်းချင်းမို့ နားလည်ပေးလိုက်တယ်

အခုပြီးသွားမှ ပြန်ရှင်းပြတာပါ

အဲဒီကားရိုက်တုန်းက ရိုက်ကူးခွင့်မကျသေးပါဘူး

ခွင့်ပြုမိန့်မကျပဲရိုက်နေတဲ့အကြောင်း အတိအကျသိလိုက်

ရပါတယ် အဲဒါကြောင့် Facebook ကနေရိုက်ကူးနေမှုသက်

သေ save ထားပါတယ် ဒါပေမယ့်ကိုယ်နဲ့မဆိုင်လို့ မတိုင်

ကြားခဲ့ပါဘူး လုပ်စရာလည်းမလိုဘူး ကိုယ်ချင်းစာနားလည်

ပေးတယ် ဒါပေမယ့် တစ်ခုချပြချင်တာက ကြောင်ကမ႓ာက

လူကြီးကားမို့ သိလျက်နဲ့ လွှတ်ပေးလိုက်တာလား

တကယ်မသိလိုက်တာလား အဲဒီအချိန်က တိုင်လိုက်ရင်

အကုန်အရှက်ကွဲမယ် အားလုံးနစ်နာမယ် ဒါကြောင့်ဘာမှ

မလုပ်ခဲ့ပါဘူး အစည်းအရုံးဥက္ကဌကိုတောင် အကြောင်း

ကြားလိုက်ပါသေးတယ် ဒါပေမယ့် တိုင်တယ်ဆိုရင် အားလုံး

ဒုက္ခရောက်မယ် ကိုယ်နဲ့လည်းမဆိုင်ဘူး ဆိုပြီးနားလည်ပေး

လိုက်ပါတယ် မသိလို့ လွတ်သွားတယ်ဆိုရင်တော့ နားလည်

ပေးလိုက်မယ် သိရဲ့သားနဲ့ ရင်းနီးလို့ဆိုရင်တော့ ဆင်ဆာ

ရေ .........

ကျွန်တော်ပြောတာဟုတ်မဟုတ်သိချင်ရင် ရိုက်ကူးခွင့်ကျတဲ့

ရက်စွဲနဲ့ စာရွက်ရှိပါတယ် တိုက်ကြည့်ပါ ကျတာဘယ်ရက်

ရို်ုက်တာဘယ်ရက် ရှင်းပါတယ်

ထားလိုက်ပါတော့ လုပ်ရပ်တွေရှင်းပြတာပါ

နစ်နာသူတွေတောင်းပန်ပါတယ်

ကိုယ့်ကိုမှ သီးသန့်စောင့်ကြည့်နေပါတယ်တဲ့ဆိုတဲ့သူတွေ

ကိုယ်ကလည်းအားလုံးကို ပြန်စောင့်ကြည့်နေပါတယ်” လို့ဖေ့စ်ဘွတ်ကနေတစ်ဆင်ပြောကြားခဲ့တာပါ။

လက်တလောမှာတော့ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးဖို့စီစဉ်ထားတဲ့ မိန်းမလျာဇာတ်ရုပ် အခြေခံရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ စီစဉ်ပြီကာမှာ ရုပ်ရှင်ဆင်ဆာအဖွဲ့က ရိုက်ကူးဖို့ခွင့်မပြုခဲ့ကြောင်းနဲ့ အခြောက်ဇာတ်ရုပ်မရိုက်ရဘူးလို့ဆင်ဆာလူကြီးမင်းများက

ပြောကြားကြောင်း ဒိန်းဒေါင်က သူ့ဖေ့စ်ဘွတ်မှာရေးထားပါတယ်။

Aung

သတင်းအရင်းမြစ် ဒါရိုက်တာပြည်ဟိန်းသီဟဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။