မော်ဒယ်သရုပ်ဆောင် သန္တာဗိုလ်ဟာ သရုပ်ဆောင်ကောင်းပြည့်နဲ့ချစ်ကြိုက်နေကြတာ ၅ နှစ်ကျော်လို့ ၆ နှစ်ကိုတောင်ချဉ်းကပ်လာနေပြီမို့

သူတို့ရဲ့ အချစ်ရေးလေးဟာ ခိုင်မြဲနေပြီလို့ဆိုနိုင်ပါတယ် ။ ဒီလိုအချိန်တွေထိ သူမတို့ချစ်သူနှစ်ဦးကို မနာလိုနေကြသူများရှိနေဆဲဖြစ်တဲ့အတွက်

သန္တာဗိုလ်က ထိုလူများအတွက် ရည်ရွယ်ပြီး သူမရဲ့ လူမှုကွန်ယက်မှာ စာတစ်ကြောင်းရေးတင်ခဲ့ပါတယ် ။ 

" no matter how many times people say that we are not meant to be, i truly believe that they are just jealous that we have what they want "

" တို့နှစ်ယောက်ကို မဖြစ်သင့်ဘူးလို့ လူတွေကဘယ်လောက်ပြောပြောကိစ္စမရှိပါဘူး ။ သူတို့ဟာ သူတို့လိုချင်တဲ့အရာတွေ တို့ပိုင်ဆိုင်ထားကြလို့ မနာလိုဖြစ်နေတယ်လို့ အမှန်အကန်ကိုယုံကြည်တယ် " လို့သူမကဆိုခဲ့တာပါ ။

သန္တာဗိုလ်နဲ့ ကောင်းပြည့်တို့ဟာ ၀ါသနာတူ အနုပညာရှင်ချစ်သူနှစ်ဦးဖြစ်တဲ့အတွက် အလုပ်များကိုအတူတူလုပ်ကိုင်လျှက် နားလည်မှုရှိရှိနဲ့သူတို့ရဲ့ ဘဝလေးကိုဖြတ်သန်းနေကြတာပါ ။

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်နေတဲ့ သူတို့ရဲ့အချစ်ရေးဟာ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ပိုပြီး နားလည်မှုရှိလာတယ်လို့ သန္တာဗိုက Duwun Media နဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။

"အရင်တုန်းကဆိုရင်တော့ နှစ်ယောက်သားမှာ ပြဿနာလေး တွေက များတယ်။ အဲ့ဒီပြဿနာကလည်း သဝန်တိုတဲ့ကိစ္စပါပဲ။သူက သဝန်တိုလိုက် ကိုယ်က သဝန်တိုလိုက်နဲ့ပေါ့ အခုလက်ရှိမှာတော့ နားလည်မှုတွေနဲ့အချစ်တစ်ခုကိုဆောက်တည်ထားပါတယ်" လို့ သူမက ပြောခဲ့တာပါ။

"နားလည်မှု ဆိုတဲ့နေရာမှာ အချစ်ဆိုတာထက် သံယောဇဉ် ဆိုတဲ့ အရာကတော့ ပိုခိုင်မြဲတာပေါ့။ ဘယ်လောက်ပဲ နားလည်ပါစေ တစ်ချိန်ချိန်မှာတော့ နားလည်မှုဆိုတာ လွဲမှားတတ်ကြတယ်။အဲ့ဒါနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အကြောင်းပြချက်ရှိရင်တော့ တစ်မျိုးပေါ့၊ ခိုင်မာတဲ့ အကြောင်းပြချက်ရှိခဲ့ရင်တောင် သံယောဇဉ်ဆိုတဲ့ အရာနဲ့ အဲ့ဒီလူကို မစွန့်လွှတ်နိုင်တဲ့ စိတ်နဲ့ လက်တွဲဖြစ်ပါတယ်" လို့ကောင်းပြည့်ကတော့ဆိုပါတယ် ။

သူမတို့ချစ်သူနှစ်ဦးကို အားပေးကြတဲ့ ပရိတ်သတ်တွေရှိကြလား ပြောခဲ့ပါဦးနော် ?

သတင်းအရင်းမြစ် ႊThandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။