အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုအကြာ ရပ်တည်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ ကတော့ သားသားလေးမွေး

ပြီးနောက်မှာ အနုပညာအလုပ်တွေအရင်လိုပြန်လုပ်တော့မယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သူမဟာ တောင်ကိုရီးယားနိုင်ငံကို ပြီးခဲ့တဲ့လက ခင်ပွန်းဖြစ်သူအပါအဝင် မေသန်းနုတို့နဲ့ ခွဲစိပ်ပြုပြင်မှုတွေ သွားလုပ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိူင်ငံမှ Mi Seoul Medical institute Of seoul Plastic Surgery မှာခွဲစွပ်ပြု ပြင်မူတွေအနေနဲ့နှာခေါင်းနဲ့မျက်နှာကိုပြု ပြင်ခဲ့တဲ့သရုပ်ဆောင်ဆုပန်ထွာက အလှအပပိုင်းအနေနဲ့လိုအပ်မယ်ထင်လို့ ပြင်ဖြစ်ကြောင်းကို အခုလို Posh Magazine အင်တာဗျုးမှာ ပြောပြခဲ့ပါတယ်။

'' မပန်ကလွန်ခဲ့တဲ့ (10)နှစ်လောက်ကတည်းက နှာခေါင်းပြင်ခဲ့တယ် ။ နှာထိပ်ဖျားလေးပွနေတော့ချွန်အောင်လုပ်လိုက်တာပါ။လိုအပ်မယ်ထင်လို့လုပ်ဖြစ်တာ။ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက်လည်းအလှအပပိုင်းကိုသေချာ ထိန်းသိမ်းထားသင့်တာလည်းပါတယ် ။မပန် Mi Seoul ဆေးရုံ ရောက်တော့ ဆရာဝန်တွေနဲ့သေချာပြန်တိုင်ပင်တယ် ။ကလေးကလည်းမွေးထားတော့အဆီတွေများနေတယ်။ပြန်လုပ်ချင်တယ် ။မြန်မာပြည်မှာတုန်းကတော့စဉ်စားထားတယ် ။ခွဲစိပ်ထားတဲ့နှာခေါင်းလေးကိုပြန်လုပ်မယ် ။ခန္ဓာကိုယ်အဆီတွေဖယ်ပစ်မယ်ဆ်ုိပြီးတွေးထားတယ် ။ဗိုက်ကအဆီတွေ လက်မောင်းအဆီတွေဖယ်ပစ်မယ်ဆိုပြီးတွေးထားတယ် ။ဆရာဝန်နဲ့သေချာတ်ိုင်ပင်တော့ လုပ်ဖြစ်တယ်။

နှာခေါင်းလေးကိုပြန်ပြင်လိုက်တော့ကိုယ့်က်ိုကိုယ်လည်းပိုယုံကြည်မူရှိသွားတယ် ။ မျက်နှာအဆီတွေကိုထုတ်လိုက်တော့မျက်နှာကသွယ်သွားတယ်။

ဒါတောင်လိုအပ်တဲ့နေရာတွေဆရာဝန်တွေကလုပ်ခိုင်းတယ် ။မပန်စိုးရိမ်ပြီးမလုပ်ဖြစ်တာ ။အခုချိန်မှာတော့ပြန်ပြီးတမ်းတမိတယ် ။ဆရာဝန်ပြောကတည်းကလုပ်လိုက်ရင်ကောင်းသားဆိုပြီး ။ နာကျင်မူလည်းမရှိဘူးဆိုးကျိုးလည်းမရှိဘူး။လုပ်မယ်ဆိုလည်းဆရာဝန်တွေနဲ့သေချာတိုင်ပင်ပြီးလုပ်ဆောင်စေချင်ပါတယ် '' လို့ပြောပါတယ်။

သတင်းအရင်းမြစ် Posh Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။