“Original Gangster 2” ရုပ်ရှင်ဇာတ်ကားကြီး မှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့ပေမယ့် စာတန်းထိုးချိန်ထိ ကျွန်တော့်နာမည် မပါတာ စိတ်မကောင်းဘူးဆိုတဲ့ ထူးခြားကအခုလို ပြောဆိုခဲ့ပါတယ်။

“အရမ်းပျော်ပါတယ်။ပထမပိုင်းလည်းဗီဒီယာလောကမှာ အောင်မြင်သလို၊ဒုတိယပိုင်းမှာလည်း အောင်မြင်တယ်ဆိုတော့ အရမ်းပျော်ပါတယ်။ပထမပိုင်းမှာတော့ကျွန်တောကသေပြီးသား၊ဒုတိယပိုင်းမှာတော့ ပြန်ပါလာတယ်။ ပါတဲ့နေရာလေးကလည်း ကျွန်တော်အရမ်းကျေနပ်တယ်။ဘယ်လိုပဲပါပါပေါ၊ ကိုယ်ပါရတဲ့ကားလေးလည်း အောင်မြင်တယ်၊ တစ်ကားလုံးကြည့်ပြီးတော့ နံမည်ထိုးတာတော့ မပါဘူး၊အဲ့တာလေးတော့စိတ်မကောင်းဖြစ်မိတယ်၊သရုပ်ဆောင်အပိုင်းကတော့ကျွန်တော်မရရင် သင်ပေးတဲ့လူရှိတယ်၊သူတို့သင်ပေးတဲ့အတိုင်း လုပ်တယ်၊အခက်အခဲတော့မရှိဘူးပေါ့။ပထမကတော့ ကျွန်တော်တို့ Surprise လေးတစ်ခုတော့လုပ်ထားတယ်၊ ပထမပိုင်းမှာတော့ သေသွားတယ်၊ ဒုတိယပိုင်းမှာ မပါဘူးဆိုပြီးပြန်ပါလာတော့ Surprise တော့ဖြစ်တာပေါ့၊ဒါပေမယ့် တကယ် နံမည်ထိုးတဲ့ အချိန်မှာ ကျွန်တော့နံမည်လေး ပါသင့်တယ်လို့တော့ ကျွန်တော်ထင်တယ်ဗျာ။မပါတာကတော့ ဘယ်သူ့မှတာဝန်ရှိလဲမသိဘူးပေါ့နော်၊ ဘာပဲဖြစ်ဖြစ်နံမည်လေးတစ်ခုပေါ့နော်၊ဧည့်သည် သရုပ်ဆောင်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် ထိုးပေးသင့်တယ်လို့တော့ ထင်တာပေါ့နော်။” လို့ ထူးခြားက ပြည်တွင်မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။

ထူးခြားပြောဆိုမှုကို Original Gangster 2 ရုပ်ရှင်ဇာတ်ကားကြီး မှာပါဝင်ခဲ့တဲ့ယုန်လေးက အခုလို ပြန်လည်ဖြေရှင်းလိုက်ပါတယ်။

“ဟာ အချင်းချင်းစည်းလုံးပြီးသားပါ .မဟုတ်ပါဘူး ဘယ်သူမှ နာမည်မပါပါဘူး။

Special Guest .ကျေးဇူးတင်လွှာထိုးဖို့တောင် စောင့်ကျလို့လား ရဲကားလာတာနဲ့တန်းပြန်ပြီး

နောက်ဆုံးမှာ OG 3 ကြေညာတောင် မကြည့်ရတဲ့လူတွေအများကြီး .

ထူးခြားကိုက သေပြီဆိုတဲ့အတွက် အားလုံးကို Surprise လုပ်ထားတာ သူလည်းသိတယ်လေ နာမည်ရော လူရောမထည့်ဘူးဆိုတာ ဒီလိုသပ်သပ်လုပ်ထားတာလေ” လို့ ယုန်လေးက ပြန်လည်ဖြေကြားထားပါတယ်။"Original Gangster" မှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့ပေမယ့် စာတန်းထိုးချိန်ထိ ကျွန်တော့်နာမည် မပါတာ စိတ်မကောင်းဘူး ဆိုတဲ့ ထူးခြား အင်တာဗျူးကို အောက်တွင်ကြည့်နိုင်ပါတယ်။

Aung

သတင်းအရင်းမြစ် sunday journal, ယုန်လေး ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။