ရှောက်သီးကို အိမ်တွင်းမီးဖိုချောင်အတွက်သာမက အလှအပအတွက်ပါ အသုံးပြုလာကြပါပီ။ရှောက်သီးရဲ့ အကျိုးကျေးဇူးတွေကတော့ အံ့မခန်းပါပဲ။ရှောက်သီးတစ်ဆ နဲ့ရေတစ်ဆ ရောထားကာခေါင်းလျော်ပြီး လိမ််းပေးခြင်းဖြင့် ဆံသားတောက်ပြောင်စေပါတယ်။ခေါင်းမလျော်မှီ ၁ဝမိနစ်ခန့်တွင် ရှောက်ရည်ကို ဆံသားအနှံလိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးခြင်းဟာ ဗောက်ပျောက်စေနိုင်ပါတယ်။ ရှောက်ရည်ကို ဂွမ်းစနဲ့ အနည်းငယ်တို့ယူပြီး တိုနာအဖြစ်လဲ အသုံးပြုနိုင်ပါတယ်။ တင်းတိပ် ဝတ််ခြံ ဖြစ်ပေါ ် လျှင်လည်း ရှောက်ရည်ကို အသုံးပြုခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။

ရှောက်ရည်ထဲတွင်ပါဝင်တဲ့ စစ်ထရစ်အက်စစ်က အနံအသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားကို ဖယ်ရှားပေးနိုင်တဲ့အတွက် ချိုင်းအောက်တွင် သုတ်လိမ်းပေးခြင်းဖြင့် ချွေးနံ့ ပျောက်ကင်းစေပါတယ်။ရှောက်ရည်၊ ဆား၊သံလွင်ဆီ တို့ကို ဆတူရောပြီး သဘာဝကြေးချွတ်ဆေးအဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ဒါကြောင့် ရှောက်သီးဟာဆိုရင်ဖြင့် လူတို့အလှအပအတွက် ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်တယ်ဆိုတာကို သင်အမြဲတမ်းသတိရနေသင့်ပါတယ်။

Source; natural of nutrent

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။