တစ်ခေတ်တစ်ခါက နာမည်ကြီးအဆိုတော်တွေလို့ ပြောလို့ရတဲ့ အဆိုတော် ခိုင်ထူး နဲဲ့ မေခလာ တို့ရဲ့ သီချင်းတွေကတော့ အခုချိန်ထိ လူလတ်ပိုင်း လူကြီးပိုင်းတွေရဲ့ ရင်ထဲမှာ ရှိနေဆဲပါပဲ။

အားလုံးစိတ်ပူနေကြတာကတော့ ဂီတလောကနဲ့ ကင်းကွာနေပြီဖြစ်တဲ့ အဆိုတော်ခိုင်ထူး တစ်ယောက် သြဂုတ်လ(၁)ရက်နေ့က အစာအိမ်သွေးယိုလို့ ရန်ကုန်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ လက်တလောမှာ ဆေးသွင်းကုသခံယူနေရပြီး နီးစပ်ရာအသိုင်းအဝိုင်းကလည်း စိတ်ပူနေကြပါတယ်။

အနုပညာမောင်နှမအဖြစ် ရင်းနှီးခင်မင်သူများလည်း လာရောက်အားပေးစကားပြောကြသလို ဦးခိုင်ထူးကို အဆိုတော်မေခလာမှလည်း သွားရောက်အားပေးခဲ့ပါတယ်။

စစ်ကိုင်းလမ်း ၊ ရွှေလည်တိုင် သီချင်းလေးကိုကြားလိုက်တာနဲ့ လူကြီးမိဘတွေကတော့ ခိုင်ထူးရဲ့ သီချင်းလေးတွေကို ပြန်ပြီးကြားယောင်မိလိုက်မှာပါ။

တကယ့်ကို အရည်ချင်းရှိခဲ့တဲ့ ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ အဆိုတော်တစ်ဦးလို့ တင်စားရမှာပါပဲ။

အမြန်ဆုံးနေကောင်းအောင် ဆုတောင်းပေးလိုက်ပါဦးပရိသတ်ကြီးရေ။

သတင်းအရင်းမြစ် Maykhalar fb acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။