မြန်မာလူမျိုး အများစုက ရေနွေးကြမ်းကို နှစ်သက်စွာ သောက်သုံးကြပါတယ်။ ရေနွေးကြမ်းကို ထမင်းစားပြီးချိန် ဖြစ်စေ၊ ရာသီဥတု အေးနေတုန်းဖြစ်စေ၊ လက်ဖက်သုပ်နဲ့ တွဲဖက်ပြီး ဖြစ်စေ သောက်သုံးလေ့ ရှိကြပါတယ်။ လူငယ် အနည်းစုကတော့ ရေနွေးကြမ်းကို သိပ် မကြိုက်တတ်ကြပေမဲ့ လူလတ်ပိုင်းနှင့် လူကြီးပိုင်းတွေမှာတော့ ရေနွေးကြမ်းကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးတတ်ကြပါတယ်။ တစ်ချို့သော စားသောက်ဆိုင်တွေနဲ့ Shopping Center တွေမှာဆို လက်ဖက်ခြောက်ကိုပင် အနံ့မျိုးစုံ အရသာ မျိုးစုံဖြင့် ရောင်းချလေ့ ရှိကြပါတယ်။ 

သံပရာသီးနှင့် တွဲဖက်ပြီး ၀ိတ်ချနည်း အဖြစ် အသုံးပြုနိုင်ပါတယ်။ ရေနွေးပူပူ လက်နှစ်လုံးခန့် မှာ သံပရာရည်ထည့်ပြီး နေ့စဉ် သောက်သုံးခြင်းဖြင့် သိသာ ထင်ရှားစွာ ၀ိတ်ကျနိုင်ပါတယ်။  

ထို့အပြင် ရေနွေးနှင့် ခေါင်းလျှော်ခြင်းက ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ရေနွေးရအောင် နှပ်ထားသော လက်ဖက်ခြောက်ဖြင့်လည်း မျက်နှာပေါင်းတင်နု်ိင်ပါတယ်။ သို့ပါက ဝက်ခြံနှင့် အမာရွတ်များကို သက်သာစေမှာဖြစ်ပြီး မျက်နှာ အသားအရေ ကောင်းမွန်မှာဖြစ်ပါတယ်။

ထိုအပြင် ရေနွေးသောက်သုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများကိုလည်း ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။

(၁) Bioactive Compounds များစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် ကျန်းမာ ကောင်းမွန်စေပါတယ်

(၂) ဦးနှောက်စွမ်းရည် မြင့်မားမှုကို အထောက်အကူ ပြုပါတယ်။

(၃) ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆီတွေကို လွယ်ကူစွာ လောင်ကျွမ်းစေပါတယ်

(၄) ရင်သား ကင်ဆာ၊ အကြိတ် ကင်ဆာ၊ အူ (သို့မဟုတ်) စအိုနှင့် သက်ဆိုင်သော ကင်ဆာများကို ကာကွယ်ပေးပါတယ်။ သက်သာ စေပါတယ်။

(၅) အသက်အရွယ် အိုမင်းသည့်တိုင် မှတ်ဉာဏ်စွမ်းအား ထိန်းထားနိုင်ပါတယ်။

(၆) ကိုယ်ခံအား ကောင်းစေတယ်

(၇) သွား ကျန်းမာရေးအတွက် ကောင်းကျိုးပေးတယ်

(၈) Bacteria တွေကို သေစေနိုင်တယ်

(၉) ဆီးချိုရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးတယ်

(၁၀) ခန္ဓာကိုယ် အလေးချိန် လျော့ကျစေတယ်

(၁၁) အသားအရေ စိုပြေပြီး ချောမွေ့လှပစေတယ်

(၁၂) စိတ် ခံစားမှု ကောင်းမွန်စေတယ်

(၁၃) ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးတယ်

(၁၄) ဝမ်းပျက် ဝမ်းလျှောခြင်းမှ ကာကွယ်ပေးတယ်

ဒါတွေကို သင် သိထားခြင်းဖြင့် ရေနွေးသောက်သုံးခြင်း၏ ကောင်းကျိုးများကို နားလည် သဘောပေါက်ပြီး ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။