ပရိသတ်ကြီးရေ အခုတလော H1N1 ရောဂါပိုးက ကူးစက်မြန်တယ်ဆိုလို့ အားလုံးပဲ အစိုးရိမ်လွန်နေုကပြီလား! ဒါ့ကြောင့် အခုလိုမိုးရာသီမှာ မိုးမိလို့ အအေးမိနှာစေးမဖြစ်အောင် ကိုယ်ခံအားကောင်းအောင် နေသင့်ပါတယ် အအေးမိတာကို အရင်ဆုံး ကုသနိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းလေးတွေ ရှိပါတယ်

1. အပြည့်အဝ အနားယူပါ။ ညဘက် အိပ်ရေးဝဝအိပ်ခြင်းက ကိုယ်ခံအား ကောင်းစေပြီး ရောဂါပိုးတွေကို တိုက်ထုတ်နိုင်ဖို့ အထောက်အကူပြုစေပါတယ်။

2. ပေါ့ပေါ့ပါးပါးနေပါ။ နေမကောင်းနေတဲ့အချိန်မှာ အလုပ်မလုပ်ပါနဲ့။ နေမကောင်းနေတဲ့အချိန်မှာ အနားယူခြင်းအားဖြင့် အခြားသူတွေကို ရောဂါမကူးအောင် ကာကွယ်ပေးပါတယ်။ ဒီအချိန်မှာ အလုပ်လုပ်မယ်ဆိုရင်တော့ ကိုယ်ခံအား ကျဆင်းစေပြီး နေမကောင်း ပိုဖြစ်စေပါတယ်။

3. ရေဓာတ် ပြည့်ဝနေပါစေ။ ရေများများသောက်ခြင်းက ရေဓာတ်ခန်းခြောက်ခြင်းမဖြစ်အောင် ကာကွယ်ပေးပြီးတော့ ချွဲတွေလည်း ပျော်စေပါတယ်။ ရေဓာတ်ခန်းခြောက်နေမယ်ဆိုရင် ချွဲတွေ ခပ်ထုတ်ဖို့ ခဲယဉ်းပါတယ်။ ချွဲပျော်စေဖို့အတွက် ဆားရေနွေးနဲ့ ပလုတ်ကျင်းနိုင်ပါတယ်။

အားလုံးပဲ H1N1 မဖြစ်အောင်လ်ု့ အအေးမိတာ ဖျားနာတာမျိုးမဖြစ်အောင် အရင်ဆုံးဂရုစိုက်နေကြပါနော်!

သတင်းအရင်းမြစ် Dr. Mya Myo Myo Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။