ပရိသတ်ကြီးရေ ဒီနေ ့သြဂုတ်လ ၆ ရက်နေ ့ကတော့ ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ သရုပ်ဆောင်နေမင်းရဲ ့မွေးနေ ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

ယခုနှစ်ကျရောက်တဲ့မွေးနေ ့အတွက် ၃ ရက်တိုင်အောင် အလှူအတန်းပြုလုပ်

သွားမှာဖြစ်ပြီး ဒီနေ ့မွေးနေ ့မှာတော့ လူပီသသွားပြီလို ့ကိုနေမင်းက

ပြောခဲ့ပါတယ်။

မွေးနေ ့ကုသိုလ်အနေနဲ ့ ပြုလုပ်ဖြစ်ခဲ့တဲ့ အလှူဒါနတွေအကြောင်းကို ပရိသတ်တွေ ကုသိုလ်အမျှကြည်နူးစေလိုတဲ့ ဆန္ဒနဲ ့ကိုနေမင်းက

သူ ့ရဲ ့ကိုယ်ပို်င်အကောင့်ကနေ အခုလိုရေးသားဖေါ်ပြခဲ့ပါတယ်။

“၅ ရက်နေ့

မင်းကုန်းရဲဘက်စခန်း အကျဉ်းဦးစီးဌာန မှာရှိတဲ့

အကျဉ်းသားတွေ ကို တစ်နေ့တာ

နေလည် နဲ့ ညနေ နှစ်နပ်စာကို

ဒီနေ့ လှူတန်းခဲ့ပါတယ်

တကယ်ကို စိတ်မကောင်းစရာမြင်ကွင်းနဲ့အတူ

လိုအပ်သောနေရာလို့သာပြောပါရစေ

တကယ်ကိုကောင်းမွန်စွာ ချက်ပြုတ်ပေးသော

ထောင်ပိုင်ကြီး ကတော် နှင့်

အကျဉ်းဦးစီးဝန်ထမ်းများ

ယခုလိုတကယ်ကောင်းမွန်သောစားသုံးမှုကိုမြင်ရတော့

စာတွေထဲ၌ဖတ်ခဲ့ရသော

ထောင်မှာကျွေးသောအညံ့စား

အစားအစာပုံစံများမဟုတ်တော့ဘူး

ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့ဒီ့ထမင်းဟင်းများကို

အတူစားသုံး၍ပြန်ခဲ့ကြပါသည်

ဆရာမ မေ လှူလိုက်သော စာအုပ်များကိုလည်း

ပေးအပ်ခဲ့ပါတယ်

၆ ရက်နေ့ ( ကျွန်တော့်ရဲ့မွေးနေ့)

မနက်ဖြန် မနက် နှစ်နာရီခွဲ့မှစ၍ သိမ်ဖြူဓမ္မာရုုံရှေ့တွင်

အာရုံဆွမ်းလောင်းလူုပါမည်

နံနက် ၆:၀၀ နာရီမှာ ၆ ထပ်ကြီးဘုရား ၌

ကျွန်တော်တို့ကရင် လူမျိုးများ၏ ချည်ဖြူဖွဲ့ပွဲမင်္ဂလာကိုသွားပါမည်

၇ ရက်နေ့

သဘက်ခါ ၇ ရက်နေ့ နံနက်တွင် အောင်ဇဗ္ဗူကျောင်းတွင်

အာရုံဆွမ်းကပ်ပြီး

ကျွန်တော်တို့သက္ကလရွာလေးရှိ မပြည့်စုံသော

ရွာသူရွာသားများကို ဆန် နဲ့ဆီ တနေ့လုံးလှုုပါမည်

သက္ကလရွာလေးတွင်လှုုုနေချိန်တွင် live လွင့်ပါမယ်ကွယ်

ဤ သို့ရေးရသည်မှာ ကုသိုလ်တော်အမျှ

ကြည်နူးစေလိုသော ဆန္ဒ ကြောင့်ပါဗျာ” လို ့ပြောခဲ့ပါတယ်။

တစ်နှစ်မှာ တစ်ခါကျရောက်တဲ့ မွေးနေ ့အတွက် လိုအပ်တဲ့နေရာ

တွေမှာ အခုလို အလှူအတန်းပြုလုပ်ဖြစ်ခဲ့တဲ့ ကိုနေမင်းရဲ ့မွေးနေ ့အမှတ်တရ

ပုံရိပ်တွေကို ပရိသတ်ကြီးက အခုလိုပဲ တွေ ့မြင်နိုင်ပါတယ်။

ပရိသတ်ကြီးကလည်း သရုပ်ဆောင်ကိုနေမင်းအတွက် မွေးနေ ့ဆုတောင်းစကားလေးတွေပြောသွားပါဦးနော်။

သတင်းအရင်းမြစ် Nay Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။