လူလတ်ပိုင်းမှာရော လူကြီးအများစုမှာပါ ရေနွေးကို နှစ်ခြိုက်စွာ သောက်သုံးလေ့ ရှိကြပါတယ်။ ရေနွေးသောက်ခြင်းဖြင့် ကောင်းကျိုးများစွာလည်း ရရှိနိုင်ပါတယ်။ ရေနွေးသောက်ခြင်း၏ အကျိုးကျေးဇူးကိုလည်း လွန်ခဲ့သော ရက်သတ္တပတ်က ဖော်ပြပြီးဖြစ်ပါတယ်။ အခုအခါမှာတော့ မသောက်တတ်လျှင် ဘေး ဖြစ်တတ်သော (အဆိပ်နှင့်တူသော) အကြောင်းအရာ များကို အများသိရှိစေရန်အတွက် ဖော်ပြလိုက်ပါတယ်။ အမှတ်မထင် ကိုယ်က ပြုမူလိုက်ပေမဲ့ ကျန်းမာရေးအတွက် ဆိုးရွားစွာ ထိခိုက်နိုင်သည်ကို သတိပြုစေလိုပါတယ်။

ရေနွေးကို ဘယ်လိုသောက်ရမလဲ ????????

(၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီး ကျက်အောင်ကျိုပါ။

(၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားသော ရေနွေးဖြင့်သာ ဖျော်ပါ။

(၃) ဓာတ်ဗူးထဲက ရေနွေးနှင့် ဖျော်မည်ဆိုလျှင် ဓာတ်ဗူးထဲတွင် ခြောက်နာရီထက်ကျော်လွန်၍ လှောင်ထားသော ရေနွေးကိုမသုံးသင့်ပါ။

(၄) ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး မသုံးပါနှင့်။ ပြန်ကျိုချက်ပြီး မသုံးပါနှင့်။ နောက်တစ်နေ့ ရက်ဆက်ပြီး မသုံးပါနှင်။

(၅) လက်ဖက်ခြောက်ခတ်ထားသော ညသိပ်ရေနွေး။ ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

(၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနှင့်။ ရေအေးသောက်ပြီး တစ်နာရီအတွင်း မှာလည်း ရေနွေးမသောက်ပါနှင့်။

ထိုအယူအဆများသည် တိုင်းရင်းဆေးပညာ ဥပဒေသ အယူအဆတွေဖြစ်သည့်အတွက် အခြေံသဘောတရားများကို သိရှိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။