ပရိသတ်ကြီးရေ သရုပ်ဆောင်အလုပ်ကို ရူးသွပ်မြတ်နို်းတဲ့ လူငယ်များအတွက် “ ရာဇဝင်ရိုင်းသူများ သရုပ်ဆောင်ပြိုင်ပွဲ” က လက်မလွှတ်သင့်တဲ့

အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ပုံဖေါ်ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ ပြေတီဦး၊ မြင့်မြတ်၊ ပက်ထရစ်ရှာနဲ ့

လိုင်လာခမ်းတို ့က အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

အခုကျင်းပပြုလုပ်မယ့် ပြိုင်ပွဲမှာတော့ အဓိက သရုပ်ဆောင် ၄ယောက်ရဲ ့

ဇာတ်ဝင်ခန်းများကို သရုပ်ဆောင်များနဲ ့သဏ္ဍန်တူအောင် ယှဉ်ပြိုင်ရမှာ 

ဖြစ်တယ်လို ့သိရပါတယ်။

မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နို်င်ပြီး ပြိုင်ပွဲဝင်များရဲ ့ပီပြင်မှုကို 

ပရိသတ်များရဲ ့မဲပေးမှု ၇၅% ၊ အဓိက သရုပ်ဆောင်များနဲ ့ဒါရိုက်တာရဲ ့ရွေး

ချယ်မှု၂၅% နဲ ့ရွေးချယ်သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်သူများထဲမှ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်သူ 

၈ ဦးကို ချယ်ရီဦးမှ ဆုများ၊ စိန်ဌေးရုပ်ရှင်နှင့် ဗွီဒီယို

ထုတ်လုပ်ရေးမှ ရိုက်ကူးတဲ့ ဇာတ်ကားများတွင် အလျဉ်းသင့်သလို ပါဝင်ခွင့်နဲ ့ 

ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ ့ 3H Art Academy တွင်သရုပ်ဆောင်သင်တန်းအခမဲ့တက်ရောက်

ခွင့်ပေးအပ်သွားမှာလည်းဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေ သတိပြုရမယ့် လျှောက်လွှာရဲ ့သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကတော့...

အဆိုပါ ပြိုင်ပွဲကို ရုံတင်ပြသပြီးတစ်ပတ်အကြာ

သြဂုတ်လ၂၀ ဝန်းကျင်၌ ကျင်းပမှာဖြစ်တဲ့အတွက်

ဇာတ်ဝင်ခန်းများကို လေ့လာကြည့်ရှုခွင့် နှင့် လျှောက်လွှာတင်ခွင့်

အခွင့်အရေးများမှာ စတင်ပြသတဲ့ သြဂုတ်လ ၁၁ ရက်နေ့မှ ၂၀

ရက်နေ့အတွင်းသာ ရရှိမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်လျှောက်လွှာတွေကိုတော့

ရာဇဝင်ရိုင်းသူများ Official Page တွင် အခမဲ့ ရယူနိုင်ပြီး

အဆိုပါ ပြိုင်ပွဲဝင်လျှောက်လွှာများကို

ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ကြည့်ရှုခဲ့သောပွဲစဉ်မှ

ရုပ်ရှင်လက်မှတ်နှင့်တကွပူးတွွဲ၍တင်ပေးရမှာဖြစ်ပါတယ်။

သရုပ်ဆောင်အလုပ်ကို ဝါသနာကြီးတဲ့ လူငယ်များဟာ ဒီရုပ်ရှင်ဇာတ်ကား

ကြီးမှ မိမိနှစ်သက်ရာ ဇာတ်ရုပ်ကို ရွေးချယ်ပြီး သရုပ်ဆောင်နိုင်ပါတယ်။

ပြိုင်ပွဲဝင်ကြမယ့်သူများဟာ အကောင်းဆုံး ဝင်ရောက်ယှဉ်ပြိုင်နို်င်ဖို ့အတွက် သြဂုတ် ၁၁

ကစပြီး ရုံတင်ပြသတဲ့ အခါမှာ ဇာတ်ကားကို သွားရောက်ကြည့်ရှု ့ပြီး ပြိုင်ပွဲ

အတွက် လေ့လာပြင်ဆင်နိုင်ပါတယ်နော်…. 

သတင်းအရင်းမြစ် ရာဇဝင်ရိုင်းသူများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။