သရုပ်ဆောင် သဥ္ဇာနွယ်ဝင်းကတော့ ဒီနှစ်ထဲမှာ သားဦးလေးကို မွေးဖွားတော့မှာ ဖြစ်ပါတယ်။ သားဦးလေးကို (၁၁)လပိုင်းအကုန်(၁၂)လပိုင်းလောက်မှာ မွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။သူမက မိန်းကလေး လိုချင်သော်လည်း ခင်ပွန်းလိုချင်တဲ့ သားယောကျ်ားလေးကို မွေးပေးရမှာ ဖြစ်တဲ့အတွက် သူမအနေနဲ့ ပျော်ရွှင်မိပါတယ်တဲ့။သရုပ်ဆောင်သဥ္ဇာနွယ်ဝင်းကတော့ ၂၀၁ရခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။

ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁ရခုနှစ် မေလ ၂၂ ရက်နေ့ကစပြီး ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးရတနာ လေးလွယ်ထားရပြီ ဆိုတာကို သိပြီးနောက် အခုထိ ကိုယ်ဝန်ကိုလည်း တစ်ပတ်တစ်ခါ ဖြစ်ဖြစ်၊ နှစ်ပတ်တစ်ခါဖြစ်ဖြစ် ကလေး ကျန်းမာရေး နဲ့ပတ်သက်လို့ စစ်ဆေးဖြစ်တယ်လို့ ပြောပါတယ်။

သတင်းအရင်းမြစ် Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။