မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်- အနောက်မြောက်ဘက် မိုင် (၁၂၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၂၄၀)ခန့်၊ ရန်ကုန်မြို့ ၏ အနောက်တောင်ဘက် မိုင်(၃၂၀)ခန့် အကွာ ပင်လယ်ပြင် ကို ဗဟိုုပြုနေသော မုန်တိုင်းငယ်သည် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီအချိန် တိုင်းထွာချက်များအရ နောက်(၃၆)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိကာ မြန်မာနိုင်ငံကမ်းရိုးတန်းအနီးသို့ ၂၀၁၆ခုနှစ် ၊ အောက်တိုဘာလ (၂၃)ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိနိုင်မည် ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်နေ့ အထိ နေပြည်တော် ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီး နိုင်ပါသည်။ မိုးသက်လေပြင်းကျ စဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။
Source : local news
Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။