လက်ရှိ ချန်ပီယံလိဂ်ချန်ပီယံ စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်နှင့် ယူရိုပါလိဂ်ဖလားချန်ပီယံ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်တို့ကတော့ UEFA Super Cup ကိုယှဉ်ပြိုင်လုယူကြတော့မှာပဲဖြစ်ပါတယ်။ UEFA Super Cup ကို ဩဂုတ်လ ၈ ရက် အင်္ဂါနေ့ (မြန်မာစံတော်ချိန် သြဂုတ်လ ၉ရက် နံနက် ၁း၁၅) တွင် ယှဉ်ပြိုင်ကစားသွားမှာပါ။

ချန်ပီယံလိဂ် ချန်ပီယံ ရီးလ်ရဲမက်ဒရစ်အသင်းနဲ့ ယူရိုပါလိဂ် ချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် ဥရောပဘောလုံးရာသီအကြို စူပါဖလားဗိုလ်လုပွဲကို မက်ဆီဒိုးနီးယားနိုင်ငံ Skopje မြို့က ပရိသတ် ၃၃၄၆၀ ဆန့်တဲ့ Philip II Arena ကွင်းထဲမှာကျင်းပသွားမှာဖြစ်ပါတယ်။ 

ရီးရဲမက်ဒရစ်အသင်းကတော့ အားကိုးရတဲ့ တိုက်စစ်မှူး ရော်နယ်ဒို ပါဝင်လာမှာဖြစ်လို့ မန်ယူအသင်းအနေနှင့် သတိထားရဖို့ရှိနေပါတယ်။ ရီးရဲမက်ဒရစ်အသင်းအနေနှင့် ရော်နယ်ဒိုမပါဝင်ရင် ရုန်းကန်ရတာကို ရာသီကြိုပွဲတွေက သက်သေပြနေပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုအနေနှင့် ရီးရဲမက်ဒရစ်၏တိုက်စစ်ကို ထိန်းချုပ်ဖို့ အသစ်ခေါ်ယူထားတဲ့ လင်ဒီလော့ဖ်နှင့်စမောလင်းတို့ကို ထည့်ဖို့ရှိပါတယ်။ ခံစစ်မှူးဘိုင်လီကတော့ ပွဲပယ်ကြောင့် မပါဝင်နိုင်ပါ။ မန်ယူ၏တိုက်စစ်မှာတော့ အသစ်ခေါ်ထားတဲ့ လူကာကူ၊မာရှယ်နှင့် ရက်ဖို့တို့ပွဲထွက်လာနိုင်သလို ကွင်းလယ်မှာ လူသစ်ကစားသမား မာတစ်နှင့်ဖယ်လိုင်နီအတွဲပြင် ပေါ့ဘာကိုထည့်ပြီး ကွင်းလယ် မာမာဆော့ကာ ဆော့မယ်လို့ယူဆရပါတယ်။ ရီးရဲကတော့ နာမည်ကျော် BBC အတွဲနှင့် ကတ်စမဲရိုးနှင့်အစ်စကို၊မိုဒရစ်တို့ကွင်းလယ်ရယ် ခံစစ်ကတော့ အသင်းခေါင်းဆောင် ရာမို့စ် ဦးဆောင်လာနိုင်ပါတယ်။ ကစားသမားအင်အားအရ ရီးရဲမက်ဒရစ်ကတိုက်စစ်နှင့် ခံစစ်သာပေမယ့် မန်ယူကတော့ ဂိုးပေါက်နှင့်ကွင်းလယ်က ပိုမာမာထန်ထန်ကစားသမားများ ပါဝင်တာကိုတွေ့ရှိရမှာပါ။ နှစ်သင်းပေါင်း ဂိုးနညိးဖို့ရှိနေပြီး နိုင်တဲ့အသင်းအနေနှင့်လည်း တစ်ဂိုးအသာလောက်နှင့်သာ အနိုင်ရဖို့ရှိနေပါတယ်။ မော်ရင်ဟိုနှင့်ဇီဒန်း ဘယ်သူပိုသာမလဲဆိုတာ စောင့်ကြည့်ရအောင်ဗျာ။

Myanmarload ခန့်မှန်းချက် - ရီးရဲမက်ဒရစ် ၁-၂ မန်ချက်စတာယူနိုင်တက်

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။