မြန်မာဆန်ဆန်လေးတွေနဲ့ နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် ပပဝင်းခင် ကို ချစ်တဲ့ ပရိသတ်တွေရှိလား။

ကားရိုက်နည်းနေပြီး အနုပညာလှုပ်ရှားမှုတွေ စိပ်လာတဲ့ သရုပ်ဆောင် ပပဝင်းခင် တစ်ယောက် ပရိသတ်တွေနဲ့ အလှမ်းကွာနေခဲ့တာကြာပါပြီ။

ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့တဲ့ သူမဟာ လက်ရှိမှာတော့ မိဘစီးပွားရေးလုပ်ငန်းဘက်ကို ကူညီလုပ်ကိုင်ပေးနေတာက တစ်ကြောင်း ကားမရိုက်ဖြစ်တော့တဲ့ အကြောင်းရင်းကို Myanmar Celebrities နဲ့ အင်တာဗျုးမှာ အခုလို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပါ။

"ကားမရိုတ်ဖြစ်တာကလည်း ပပက အနုပညာအလုပ်က လုပ်တာနည်းတော့ ကိုယ့်ဆီကို ကိုယ်ကြိုက်တဲ့ ဇာတ်လေးတွေ မရောက်တာလည်း ပါပါတယ်။ တခါတလေ ကိုယ့်ဆီရောက်လာတဲ့ ဇာတ်တွေ ကျတော့ လည်းကိုယ်မကြိုက်တဲ့ ဇာတ်တွေကများတယ် အဲ့တော့ ကားရိုက်က နည်းနည်းလာတာပါ။

အခုကျတော့ အနုပညာလှုပ်ရှားမှုကလည်း အရင်ကလောက်တော့ အရမ်းကြီး မလုပ်ဖြစ်တော့ဘူး။ မိဘစီးပွားရေးလေးတွေလည်း လုပ်ဖြစ်နေတော့ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေအတွက် ကြော်ငြာ ၊ MTV လေးတွေပဲ ရိုက်ထားတယ်။ ဒီကြားထဲမှာ ရိုတ်ထားတဲ့ ကြော်ငြာ MTV လေးတွေလည်းရှိတယ်။ မထွက်သေးတာတွေရော ရှိသေးတယ်။ ကိုယ့်ပရိသတ်တွေအတွက်တော့ ကိုယ်လုပ်ချင်တဲ့ အနုပညာ အလုပ်လေးတွေကို တော့ အကောင်းဆုံး လုပ် ဖြစ်နေတယ် ပွဲတက်တွေလည်း ရှိတယ် " လို့ပြောပါတယ် ။

ချစ်စရာကောင်းတဲ့ သူမရဲ့ ဟန်ပန်အမူအရာနဲ့ ဝတ်စားဆင်ယင်မှုကတော့ ပရိသတ်တွေရင်ထဲမှာ မျက်မှန်းတန်းမိနေဦးမယ်ထင်ပါတယ်။ 

သတင်းအရင်းမြစ် Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။