ရုံးပတီသီးကိုမစားဖူးသူမရှိလောက်ပါဘူး။ ဘာလို့လဲ ဆိုတော့ ရုံးပတီသီးက ပုံစံအမျိုးမျိုးဖြင့်စားသုံးလို့ရသည့် စွယ်စုံရအသီးဖြစ်နေလို့ပါ။နာက် ရုံးပတီသီးက ဘီယာဆိုင်နဲ့ အကင်ဆိုင်တွေမှာ မရှိမဖြစ် နေရာယူထားတဲ့ လူတကာ အသည်းစွဲ အကင်တစ်မျိုးအဖြစ် ရပ်တည်လို့ နေပါသေးတယ်။ရုံးပတီသီးက ဟင်းလျာ ချက်ပြုတ်ရာမှာတင် စွယ်စုံရတာ မဟုတ်ပါဘူး ။ ကျန်းမာရေးအတွက် နေရာတော်တော်များများမှာလည်း အသုံးဝင်လှပါတယ်။

ရုံးပတီသီးကို စားခြင်းအားဖြင့် အစားအစာ တွေကို ကြေညက်စေပြီး အစာမကြေတာကို သက်သာကာ ဝမ်းမှန်စေပါတယ်။နောက်ပြီးကိုယ်ဝန်ဆောင်နေစဉ် စားသုံးသင့်တဲ့အသီးလည်းဖြစ်ပါတယ်။ရုံးပတီသီးမှာပါဝင်တဲ့ ဖောလစ်ဓတ် ဟာ ကိုယ်ဝန်ရခြင်းကို ကူညီပေးသလို သန္ဓေသားရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုသာမက ကိုယ်ဝန်ပျက်ကျခြင်းကိုပါတားဆီးပေးပါတယ်။ရုံးပတီသီးက အပွင့်နဲ့အရွက်တွေကို ပြုတ်ပြီး သောက်ပါက အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊အဆုတ်ရောင်ရောဂါ နဲ့ အအေးမိတုတ်ကွေးရောဂါ တွေကို သက်သာစေပါတယ်။ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊အဆုတ်ရောင်ရောဂါ နဲ့ အအေးမိတုတ်ကွေးရောဂါ တွေကို သက်သာစေပါတယ်။ရုံးပတီသီးမှာပါတဲ့ အမျှင်ဓာတ် နဲ့ ဘီတာမင်စီတွေက အရေပြားတစ်ရှူးတွေ ပြုပြင်ရာမှာ အကူအညီ ပေးပါတယ်။ အရေပြားပေါ်က အစက်အပြောက်တွေနဲ့ ဝက်ခြံထွက်ခြင်းတွေကို လျော့နည်း စေပါတယ်။ရုံးပတီသီးမှာပါတဲ့ ဘီတာကာရိုတင်း၊ လူတိန်း ၊ ဇန်သင်း ဓာတ်တွေက အမြင်အာရုံကို တိုးပွားစေကာ ရေတိမ်ရောဂါနဲ့ အတွင်းတိမ်ရောဂါတွေမှ ကာကွယ်ပေးပါတယ်။ 

သတင်းအရင်းမြစ် မြန်မာ့သတင်းထူးသတင်းဦးများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။