ဘရာဇီးနိုင်ငံက ဆောပေါလိုမြို့ရဲ့ လမ်းမတွေထက်မှာတော့ အနက်ရောင် ရေကူးဝတ်စုံ ကိုယ်စီဝတ်ထားတဲ့ အမျိုးသမီးများ ဟန်ရေးပြလမ်းလျှောက်နေတာ တွေ့ရှိရမှာပါ။ ထိုအမျိုူသမီးတစ်သိုက် အနေဖြင့် လမ်းမေ့ါ်က ကားများကိုတားဆီးကာ ကားလမ်းမပေါ်မှာ တင်ပါးအလှမယ်ရွှေးပွဲ(Miss Bumbum) အတွက် ဟန်ရေးပြနေကြတာပါ။

ပြိုင်ပွဲဝင် အမျိုးသမီးစုစုပေါင်း ၂၇ယောက်ပါ၀င်ယှဉ်ပြိုင် ပါ၀င်တဲ့ ဘရာဇီးက တင်ပါးအလှမယ်ရွှေးပွဲ(Miss Bumbum) ကတော့ ယခုမခါ နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားလာတဲ့ မယ်ပြိုင်ပွဲတွေထဲကတစ်ခုဖြစ်ပါတယ်။ ပြည်သူတွေအနေနှင့် ထို အမျိုးသမီး ၂၇ယောက်ထဲက စိတ်ကြိုက်မဲပေးရွှေးချယ်နိုင်ပြီး ၁၅ယောက်အနေနှင့် နိုဝင်ဘာမှာကျင်းပမည့် တစ်နိုင်ငံလုံး ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာပါ။ 

ယခုတစ်ခါပြိုင်ပွဲမှာ ခြေတစ်ဖက်ဖျက်ထားရတဲ့ ဘရာဇီးမော်ဒယ် ရူဘီယာမာချာဒို တစ်ယောက်လည်း ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် လာရောက်ယှဉ်ပြိုင်တာက မသန်ပေမယ့်စွမ်းကြောင်း သက်သေပြနေတာပါ။ အနိုင်ရရှိမည့် မယ်ကတော့ နာမည်ကျော် မဂ္ဂဇင်းမှာမျက်နှာဖုံး ပါ၀င်ခွင့်ရမှာဖြစ်သလို ဆုကြေးများပါရရှိသွားမှာပါ။

Hein  

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။