UEFA SUPER CUP ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့မန်ယူအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲလ်မက်ဒရစ် အသင်းက ၂ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး စူပါဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ စူပါဖလားကို နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဖိကစားနိုင်ခဲ့ပါတယ်။မန်ယူအသင်းကလည်း တန်ပြန်တိုက်စစ်ကို အဓိကထားကစားခဲ့ပြီး ရက်ဖို့စ် အပိုင်လုံးတစ်လုံးဖြူန်းတီးခဲ့တာက မန်ယူအသင်းအတွက် နစ်နာခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဂိုးတွေကိုတော့ ကတ်မဲရိုး၊ အစ္စကို တို့ကသွင်းယူပေးခဲ့တာဖြစ်ပြီး မန်ယူအသင်းအတွက်တစ်လုံးတည်းသောချေပဂိုးကိုတော့ လူကာကူက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်

Source - Super Cup

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။