ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေရတဲ့ အဆိုတော်ခိုင်ထူးကို မေခလာ ကလည်း ရန်ကုန်ဆေးရုံကြီး တွင် သွားရောက် အားပေးကူညီခဲ့ကြောင်း သူမ ဖေ့စ်ဘုတ် လူမှုကွန်ယက်တွင် တွေ့ရသည်။ ဒါရိုက်တာ ဇင်ယော်မောင်မောင် ကလည်း အလှူငွေ သုံးသုံးကျပ် ပါ၀င်လှူဒါန်းခဲ့သည်။ခိုင်ထူး ဟာ သူ့ရဲ့ သီချင်း ထဲကအတိုင်းပါပဲ ”မမြဲသောလက်နှင့် ချို့တဲငါ့ဘဝ ရှိပါစေ သူငယ်ချင်း။ ငါသည် မြတ်သောအကျင့်ကို ကျင့်လျှက် နေရာအနှံ့လိုက်နေ၏ ” ဆိုသလိုပါပဲ ဘဝက မချောမွေ့လှပါဘူး။ 

ဒီကနေ့ အဆိုတော် အာဇာနည် ကလည်း အဆိုတော် ခိုင်ထူး ရဲ့ ကျန်းမာရေး စရိတ်အတွက် အလှူငွေ ၅ သိန်းလှူဒါန်းခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ် အကောင့် တွင် ဖော်ပြထားသည်။ ” ဦးခိုင်ထူး ကျန်းမာရေး အတွက် လိုအပ်သည်များတွင် အသုံးပြုနိုင်ငရန် Canada နိုင်ငံမှ မြန်မာတးချစ်သူ ပရိတ်သတ်များနှင့် Rဇာနည်-၀မ်း – သားဉာဏ်ဘုန်းဇာနည် မိသားစုမှ ကမ႓ာသား MTV (DVD) ရောင်းရငွေ (50000ကျပ်) တိတိကို ထည့်ဝင်လှူတန်းပါသည်” ဟုရေးသားထားသည်။

သတင်းအရင်းမြစ် Lwin Pyin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။