ဟင်းချက်အမွှေးအကြိုင်တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ နနွင်းကလည်း ကျွန်တော်တို့ ကျန်းမာရေးအတွက် ဘယ်လိုတွေအထောက်ကူဖြစ်စေလဲဆိုတာ လူသိနည်းကြပါတယ်။

ရှေးလူကြီးတွေကတော့ ငပိရည်ကျိုတာဖြစ်ဖြစ် ကြက်ဥကြော်တာဖြစ်ဖြစ် နနွင်းလေးထည့်လိုက်ရမှ နေသာထိုင်သာရှိကြပါတယ်။ စျေးဝယ်တဲ့အခါဆိုရင်တောင် နနွင်းအစစ်ရဖို့ အရေးကြီးပါတယ်။ အခုလို ဟင်းချက်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ နနွင်းမှာ လူတွေရဲ့ ကျန်းမာရေးကို ဘယ်လိုနေရာက ဖြည့်စွက်ပေးနေလဲဆိုတာ သိပြီးကြပြီးလား။

ရွှေဝါရောင်အဆင်းနဲ့ ထူးဆန်းတဲ့ ရနံ့ရှိတဲ့ နနွင်းမှာလည်း ချင်းနဲ့ ခပ်ဆင်ဆင်တူတဲ့ အာနိသင်တွေရှိနေပါတယ်။ နနွင်းမှာ အစားစာချင်စိတ်ဖြစ် စေပြီး အစာချေစနစ်ကို ကူညီပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ တိုင်းရင်းဆေးပညာက ဆိုပါတယ်။ ဒါပေမဲ့ နနွင်းမှာ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းရှိနေတာကို တွေ့ရှိပြီးနောက် ခေတ်သစ်ဆေးဝါးသိပ္ပံပညာရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်လာပါတယ်။

နနွင်းကို ရွှေဝါရောင်ဖြစ်စေတဲ့ Curcumin လို့ခေါ်တဲ့ ဓာတုပစ္စည်းမှာ ကင်ဆာကိုတားဆီးနိုင်စွမ်း အင်မတန်မြင့်မားတဲ့ အာနိသင်ရှိနေပါတယ်။ အဆိုပါ ဓာတုပစ္စည်းက ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ဆဲလ်တွေရဲ့D NAကို မတိုက်ခိုက်နိုင်ခင်မှာပဲ သူတို့ကို ဖျက်စီးပစ်နိုင်သလို ပျက်စီးပြီးသား DNA တွေကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ အစွမ်းလည်း ရှိနေတယ်လို့ ပညာရှင်တွေဆိုပါတယ်။ ရောင်ရမ်းမှုကို တိုက်ဖျက်ပြီး ကင်ဆာဖြစ်နိုင်တဲ့ အကြိတ်တွေ ကြီးထွားလာကိုလည်း တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ် People magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။