မန်မာU 18 အသင်းရဲ့ဂိုးသွင်းစက် ဝင်းနိုင်ထွန်း

မြန်မာအသင်းရဲ့တိုက်စစ်အနာဂါတ်အဖြစ်ညွှန်းဆိုခြင်း

ခံရတဲ့တိုက်စစ်မှူးတစ်ယောက်မြန်မာယူ18 မှာရှိပါတယ်။

သူကတော့ဝင်းနိုင်ထွန်းပါ။သက်တမ်းအလိုက်ပြိုင်ပွဲတွေ၊

ဗီယက်နမ်ဖိတ်ခေါ်ဖလားစတဲ့ပြိုင်ပွဲတွေမှာခြေစွမ်းပြဂိုးတွေသွင်းယူပေးခဲ့တဲ့သူ့ကိုပရိသတ်တွေအနေနဲ့

ယူ22အသင်းမှာအောင်သူနဲ့တောင်တွဲကစားစေချင်ခဲကြတာပါ။

ဝင်းနိုင်ထွန်းကလည်းယူ18အသင်းဖီးနစ်ဆိုတဲ့အမည်နဲ့ဝင်ကစားနေတဲ့MNL 2မှာနိုင်ငံခြားသားတိုက်စစ်မှူးတွေဖြစ်တဲ့

ဂျိုးဆက်၊ဆင်မြူရယ်တို့နဲ့အပြိုင်ဂိုးသွင်းဘုရင်ဆုယှဉ်လုရတဲ့အထိ

ခြေစွမ်းပြခဲ့ပါတယ်။အရပ်အမောင်းမြင့်မားပြီးတစ်ဦးချင်း

ထိုးဖောက်မှုတွေအရမ်းကောင်းတဲ့ဝင်းနိုင်ထွန်းထွက်ပေါ်လာတာဟာ အနာဂါတ်မြန်မာ့အသင်းတိုက်စစ်အတွက်ဝမ်းသာစရာပါ။

ပရိသတ်ကြီးအနေနဲ့မကြာခင်မှာပဲယူ18ရဲ့ ပြိုင်ပွဲတွေကြည့်ရတော့မှာမို့ဝင်းနိုင်ထွန်းရဲ့

သွင်းဂိုးတွေကိုတွေ့မြင်ကြရတော့မှာပါ။

PHOTO-PHOENIX

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။