ယုန်လေးတစ်ယောက်ငွေကြေးပိုင်းအဆင်မပြေချိန်တုန်းက နေမင်းကကိုယ်တိုင်လာရောက် ကူညီခဲ့တယ်လို့သိရပါတယ်။အဆိုပါအချိန်တုန်းက နေမင်းကူညီမှုကို ယုန်လေးကဘယ်တော့မှမမေ့ကြောင်းရေးသားခဲ့သလို၊နေမင်းကိုယ်တိုင်ကလည်းအဲ့ကူညီမှုကိုဘယ်တော့မှသတိမရစေချင်ကြောင်းနဲ့အမှတ်တရရှိမှုအတွက်ကျေးဇူးပါလို့ ရေးသားဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတေးရေး၊တေးဆိုယုန်လေးက“ဖိနပ်ကိုကြည့်လိုက်အိမ်သာထဲစီးတဲ့ဖိနပ်နဲ့ဆိုယုန်လေးပဲဆိုပြီးသူငယ်ချင်းတွေနောက်ကျတယ်။ပေါ့ပါးလွတ်လပ်တယ်လေ အဲ့တော့နေရာတော်တော်များများစီးတယ်လေ.”လို့ရေးသားခဲ့တဲ့ အောက်မှာ နေမင်းကိုယ်တိုင်က“ခေတ်ပြောင်းသွားလို့၊ဖိနပ်ပြောင်းစီးတာမဟုတ်ပါ၊ခေတ် မကောင်းခင်၊ခေတ်ကောင်းစဉ်အမြ၊ဲမပြောင်လည်းသော၊အပါးတော်မြဲ။ဖိနပ် နဲ့ ယုန်၊ သတိ…ယုန်တစ်ကောင် ဖိနပ်စီး၍ လွတ်လိုက်သည်” လို့ရေးခဲ့ပါတယ်။

အဆိုပါရေးသားမှုအပေါ်ယုန်လေးက “haa haa haaa ၊ မတွေ့တာာ ကြာပြီ၊သတိရတယ်ကွာအဆင်မပြေခင် ၊၂၅သိန်းလာပေးတာကိုဘယ်တော့မှမမေ့ပါဘူးကွာ” လို့ရေးခဲ့တဲ့အပေါ်နေမင်းက“အေးပါ၊အဲ့ကူညီမှုကို၊သတိတော့မရစေချင်ဘူးကွာ၊အမှတ်တရရှိနေတာ၊ကျေးဇူးပါ။ယုန်လေးရယ်သူငယ်ချင်းစိတ်ဆိုတာ၊လိုအပ်နေတဲ့အချိန်မှာ၊သူ့အလိုလို နားလည်မှု့နဲ့ ကူညီနိုင်စွမ်းရှိသောစိတ်လေကွာ၊ အခုလည်းငါအဝေးကကြည့်နေပါတယ်ကွာ။” ရေးခဲ့ပါတယ်။

Aung

သတင်းအရင်းမြစ် ယုန်လေးဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။