ယခုအခါ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးနေမာကတော့ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းဖြင့် ရောက်ရှိသွားပါပြီဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သတ်၍ ဂျာမနီ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်း၏ ဥက္ကဋ္ဌက မိမိတို့၏အိမ်ကွင်း Allianz Arena တောင် နေမာလောက် ကုန်ကျစရိတ်စျေးမကြီးကြောင်း နေမာနှင့် Allianz Arena ကိုရွှေးခိုင်းပါက Allianz Arena ကိုသာရွှေးမည် ဖြစ်ကြောင်းပြောခဲ့ပါတယ်။ 

ထို့ပြင် ဂျာမနီ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်း၏ ဥက္ကဋ္ဌ ရူမင်နီဂါက ကျွန်တော်တို့အနေဖြင့် ထိုသို့ ကစားသမားတစ်ယောက်ကို စျေးကြီးပေးခေါ်လိုစိတ်မရှိသလို ခေါ်နိုင်စွမ်းလဲမရှိကြောင်း ပရိသတ်တေအနေနှင့် မိမိစကားကို လက်ခံမည်ဟု ယုံကြည်ကြောင်းပြောခဲ့ပါတယ်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။