နာမည်ကျော်ရှပ်ရှင်စီးရီးတစ်ခုဖြစ်တဲ့ Star Wars စီးရီးရဲ့ The Last Jedi ကတော့ ယခုနှစ် ၂၀၁၇ ဒီဇင်ဘာလမှာ ကမ္ဘာအနှံ့ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Star Wars The Last Jedi အနေဖြင့် Trailer များထွက်ရှိထားပြီဖြစ်သလို ယခုအခါမှာလည်း Entertainment မဂ္ဂဇင်းမှာ Star Wars The Last Jediအတွက် ဇာတ်ဝင်ခန်းအချို့ ပါ၀င်လာတာကို တွေ့ရှိရပါတယ်။ 

ယခင် The Force Awakes မှာ First Order တို့၏ Star Killer လက်နက်ဂြိုလ်ကြီး ပျက်စီးသွားခဲ့ပြီး Rey မှာလည်း ပျောက်ဆုံးနေသော Jedi Master ဖြစ်တဲ့ Luke Skywalker ကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ယခု Star Wars The Last Jedi ကို ဒါရိုက်တာ Rian Johnson ကရိုက်ကူးထားပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။