ဆီးဂိမ်းတွင်ရွှေတံဆိပ်ဆုမရပါက အရေးယူခံရမယ့်အင်ဒိုနီးရှားဘောလုံးအသင်း

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဌအက်ဒီဟာ

ဆီးဂိမ်းပြိုင်ပွဲဝင်မယ့်အင်ဒိုယူ-22ဘောလုံးအသင်းကို

ဆီးဂိမ်းမှာရွှေတံဆိပိဆုမရခဲ့ရင်ကစားသမားတွေကိုအပြစ်ပေးမယ်လို့ကြိမ်းမောင်းခဲ့ပါတယ်

။တကယ်လို့ကျရှုံးခဲ့ရင် ကစားသမားတွေတိုက်ပွဲဝင်လိုစိတ်လျော့နည်းမှုကြောင့်လား

နည်းစနစ်ပိုင်းအရအားနည်းမှုကြောင့်လားဆန်းစစ်မှာဖြစ်ပြီး

ဘယ်လိုအပြစ်ပေးမယ်ဆိုတာတော့ထုတ်မပြောသေးပါဘူး။

အက်ဒီရဲ့ပြောစကားကြောင့်အင်ဒိုနီးရှားကစားသမားတွေနဲ့နည်းပြအဖွဲ့ဝင်တွေဟာ ဖိအားဒဏ်ခံစားနေရပါတယ်။

ဒီအဖြစ်ပျက်ကြောင့်2010ကမ္ဘာ့ဖလားမှာကျရှုံးခဲ့မှုကြောင့်

မိုင်းတွင်းတွေဆီပို့ပြီးအပြစ်ပေးခံရတဲ့ မြောက်ကိုရီးယား

ကစားသမားတွေကိုသတိရစေတယိလို့ အင်ဒိုနီးရှားသတင်းစာတွေကရေးသားနေကြပါတယ်။

Source-Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။