အခုတလော Facebook မှာ ရေပန်းစားနေတဲ့ Status နဲ့ Share Post တွေမှာ mary နဲ့ အဝင်း မပါရင် မပြီးသလောက်ကို ဖြစ်နေပါတယ်။ သူတို့ နှစ်ဦးစလုံးက အနုပညာရှင်များ ဖြစ်ကြပါတယ်။

ယောက်ျားလေးအများစုကတော့ Mary မှ Mary ဖြစ်နေကြပြီး နှုတ်ခမ်းနီမလေးတွေ အသဲစွဲကတော့ အဝင်း (ခေါ်) မာရီဆာကီဝင်း ဆိုသူပါပဲ ။

သူတို့ နှစ်ဦးစလုံး၏ တူညီသော အချက်မှာ မြန်မာပြည်တွင် မွေးဖွားခဲ့သူများ ဖြစ်ကြပြီး အနုပညာလုပ်ငန်းကို လုပ်ကိုင်နေသူများလည်း ဖြစ်ကြပါသည်။

တစ်ချို့အတွဲတွေဆိုရင် မိန်းကလေးက အဝင်းကို သဲသဲလှုပ် အားပေးပြီး ယောက်ျားလေးက Mary ကို အားပေးကြတာမျိုးတွေလည်း တွေ့ရပါတယ်။ အခုခေတ် လူမှုကွန်ယက်မှာ ယောက်ျားလေးနဲ့ မိန်းကလေး အပြိုင်ကို သဲသဲလှုပ် ချစ်ပြနေသူများက သူတို့ ၂ဦးဆိုရင်လည်း မမှားပါဘူး။ 

Mary ကတော့ ကိုယ်ပိုင်သံစဉ်လေးတွေ၊ မတူညီတဲ့ ဆန်းသစ်သော ဖန်တီးမှုလေးတွေနဲ့ လူငယ်တွေကြားမှာ အောင်မြင်လာတဲ့ အဆိုရှင် တစ်ယောက်ပါ။ Mary က ၅ တန်းအောင်ပြီးကတည်းက တက္ကသိုလ် နောက်ဆုံးနှစ်အထိ ဂျပန်မှာပဲ ပညာသင်ယူခဲ့ပါတယ်

အရင်ကတော့ မြန်မာနိုင်ငံကို ခဏ ခဏ ပြန်လာဖြစ်ပေမဲ့ အခုတစ်ခါ ပြန်လာဖြစ်တဲ့ အကြောင်းကတော့ သီချင်းလုပ်ဖို့ လို့ သိရပါတယ်။

အရင်တုန်းက ဝေဖန်ခံရတာ များနေတဲ့အချိန်မှာ တစ်ယောက်တည်းပဲ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပြီး ထပ်မံကြိုးစားဖို့ ဆုံးဖြတ်ပြီးမှ Mask ဆိုတဲ့ သီချင်းကို လုပ်ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Low Profile နေတာ မဟုတ်ပေမဲ့ Privacy လိုချင်တာမို့ သူများတွေသိတာ သိပ်သဘောမကျတဲ့သူပါ။ သူမ သီချင်းကို နားထောင်တဲ့ ပရိသတ်ကိုလည်း ကိုယ်တိုင်ခံစားနေရ သကဲ့သို့ ခံစားမှု အစစ် ရစေချင်တယ်လို့လည်း ပြောခဲ့ပါတယ်။

သီချင်းတွေအများကြီး ထပ်လုပ်ရင်း ပရိသတ်ကိုလည်း ထပ်မံ တင်ဆက်သွားပါဦးမယ်ဆိုတဲ့ သူမ ကို ယောကျာ်းလေး ပရိသတ် အများစုက အထိမခံ ရွှေပန်းကန်ဖြစ်ကာ အရမ်းကို အားပေးနေကြပါတယ်။ 

အဝင်း ကတော့ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမဲ့ `ဇာတိမြေ´ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့တာဖြစ်ပြီး အဆိုပါ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲမတိုင်ခင်ကတည်းက မြန်မာ အမျိုးသမီးငယ်များ အကြား မိုရီဆာကီဝင်း အား စတင် သတိထားမိလာခဲ့ပြီး `အဝင်း´ ဟုပင် အမည်တွင် ကာ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေပန်းစားလာခဲ့သူ ဖြစ်ပါတယ်။ 

အဝင်း သည် မြန်မာပြည်တွင် မွေးဖွားခဲ့ပြီးနောက် ၁၀ နှစ်သားကတည်းက ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သူဖြစ်ကာ ဂျပန်တွင် အနုပညာ လှုပ်ရှားမှုများကို ၁၄ နှစ်အရွယ်မှစ၍ လှုပ်ရှားခဲ့တယ်လို့လည်း သိရှိရပါတယ်။ PrizmaX ဆိုသည့် ဂျပန် boyband တွင်လည်း အဖွဲ့ဝင်တစ်ယောက် အဖြစ် အနုပညာလုပ်ငန်းများ ပါ၀င်လုပ်ကိုင်နေသူ ကိုတော့ မိန်းကလေးအများစု ထုနဲ့ဒေးသော နှုတ်ခမ်းနီမလေးက သဲသဲလှုပ် အားပေးနေကြပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။