၀လို့ လှတယ်ဆိုတဲ့ စကားရှိပေမယ့် အလွန်အမင်း ၀လွန်းနေပြန်တော့လည်း နေရထိုင်ရခက်ခဲသလို ကျန်းမာရေးအနေနဲ့နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်ချေရှိပါတယ်။

ခါးတုတ်ခြင်း၊ BMI များခြင်း၊ အမျိုးအစား 2 ဆီးချိုရောဂါရှိခြင်းတို့ကြောင့် အသည်းကင်ဆာရောဂါဖြစ်နိုင်ချေများတယ်လို့ လေ့လာမှုအသစ်တစ်ခုအရတွေ့ရှိရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် အသည်းကင်ဆာဖြစ်ပွားနှုန်းက သုံးဆလောက် ပိုများလာပြီးတော့ ပြန်ကောင်းနိုင်တဲ့နှုန်းကတော့ နည်းပါတယ်။ အဝလွန်ခြင်းရဲ့နောက်မှာ အမျိုးအစား 2 ဆီးချိုရောဂါဖြစ်ပွားမှုများလာပြီးတော့ ဒီလိုလူတွေမှာ အသည်းကင်ဆာ ဖြစ်ပွားမှုလည်းများလာပါတယ်။

အဝလွန်ပြီး အမျိုးအစား 2 ဆီးချိုရောဂါရှိသူတွေနဲ့ အဝလွန်ပေမယ့် ဆီးချိုရောဂါ မရှိသူတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဆီးချိုရောဂါရှိသူတွေက အသည်းကင်ဆာဖြစ်ပွားမှု 2.6 ဆပိုများတာကိုတွေ့ရပါတယ်။ ခါးအတိုင်းအတာ 2 လက်မပိုလာတိုင်း အသည်းကင်ဆာဖြစ်နိုင်ချေ 8% ပိုများလာတယ်လို့ သုတေသီတွေကဆိုပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ရှိသင့်တဲ့အတွင်းထိန်းထားဖို့အရေးကြီးပါတယ်။

သတင်းအရင်းမြစ် Dr. Mya Myo Myo Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။