သင်္ဘောသီးကို အပူပိုင်းဒေသများတွင် စိုက်ပျိုးပြီး မြန်မာပြည် အနှံ့ပြားတွင်လည်းစိုက်ပျိုးတွေ့ရှိရသည်။သင်္ဘောသီးကို ကျန်းမာရေးတွက်ဖြစ်ဖြစ်၊ သရေစာအဖြစ် ဖြစ်ဖြစ် စားသုံးကြသည်။ သင်္ဘောပင်သည် မဖိုပင်၊ အမပင်၊ လိင်စုံပင်ဟု (၃)မျိုးရှိပြီး Papaya ဟုလည်းခေါ်ဆိုပြီး မျိုးရင်း အမည်မှာ Caricaceae ဟုလည်း သိရပြီး ရုက္ခဗေဒလို Carica Papaya ဟုလည်း ခေါ်ဆိုကြောင်း သိရှိရသည်။ 

ကျန်းမာရေးတွက် အသုံးဝင်ပုံ

သင်္ဘောသီးသည်အသီးသာမက အစေ့၊ အရွက်၊ အစေး၊ အခွံ၊ ပင်စည်း၊ အမြစ် အားလုံးဆေးဖက်ဝင်သည်။ သင်္ဘောသီးသည် ကိုယ်အလေးချိန်ကိုထိန်းပေးပြီး ဆီးချိုရောဂါများတွက် သင်္ဘောသီး အစိမ်းတစ်လုံးကို အညှာမှလှီးကာအစေ့များထုတ်ပြီးလက်ဖက်အသီးထဲသို့ ရေနွေးဆူဆူနှင့်လက်ဖက်ခြောက်ထည့်ကာလှီးဖြတ်ထားသော အသီးအညှာနှင့် ၅မိနစ်ခန်.ပိတ်ထားပါ။ ထိုအသီးထဲမှ ရေနွေးအား နေ့စဉ်(၃)ကြိမ် သောက်သုံးပေးပါက ဆီးချိုရောဂါကာကွယ်နိုင်ပြီးပျောက်ကင်းစေသည်။သင်္ဘောသီးအမှည့်သည် ဆီးရွှင်စေပြီး၊ ဆီးရော၈ါနှင့်ကျောက်တည်ခြင်းကိုပျောက်ကင်းစေပြီး အင်္ဘောသီးအနုကို အခြောက်လှန်းပြီးအမှုန့်ကြိတ်ကာ အနည်းငယ်စားပေးရုံနှင့် ဝမ်းပျက်ခြင်း၊ အဆက်မပြတ်ဝမ်းသွားခြင်းကို သက်သာပျောက်ကင်းစေသည်။ပန်းနာ၇င်ကြပ်ရောဂါ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊အကြောတတ်၊ကြွက်တတ်ခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေသည်။

သင်္ဘောရွက်ကိုပြုတ်ပြီး ထိုအရည်ကို လက်ဖက်ရည်ခွက်ဖြင့် တစ်နေ့(၃)ကြိမ်သောက်သုံးပြီးဖြစ်စေ၊ သင်္ဘောရွက်ကို မီးကင်ပြီးအမှုန့်ကြိတ်ကာရေနွေးနှင့် တစ်နေ့(၃)ကြိမ် ခပ်သောက်ပါက ဆီးချိုရောဂါ သက်သာပျောက်ကင်းစေသည်။လူကြီးများသန်ထိုးပြီးဗိုက်အောင့်ပါက သင်္ဘောသီးအစေ့ကိုပျားရည်နှင့်စားပွဲတင်ဇွန်းဖြင့်တစ်နေ့(၃)ကြိမ် ညက်အောင်ဝါးစားပါကသက်သာပျောက်ကင်းစေသည်။မှည့်သော သင်္ဘောသီးသည် အစာကြေလွယ်ပြီး၊ဝမ်းပျော့စေသည်။သင်္ဘောသီးသည် အရိုးကိုလည်း ကျန်းမာကြံ့ခိုင်စေပြီး၊ သွေးတိုးရောဂါကိုလည်းကာကွယ်ပေးသည့်အပြင် ကင်ဆာရောဂါများကိုလည်း ကာကွယ်ပေးကြောင်းသိရှိရသည်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။