ချန်ပီယံလိဂ်ဝင်ခွင့် play off ပွဲစဉ်မှာ လီဗာပူလ်းအသင်းဟာ ဟော့ဖန်ဟိမ်းအသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရမှာလည်းဖြစ်ပါတယ်။လီဗာပူလ်းနည်းပြ ကလော့ ဟာ ကော်တင်ဟိုကို ဂျာမနီကိုသွားရောက်ကစားရမဲ့ခရီးစဉ်မှာ ချန်ထားခဲ့တာလည်းဖြစ်ပါတယ်။ 

ကော်တင်ဟိုဟာ လီဗာပူလ်းအသင်းကနေထွက်ခွာခွင့်တောင်းထားခဲ့သော်လည်း အသင်းက ပယ်ချထားတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာကော်တင်ဟိုကို ခေါ်ယူရန်ကမ်းလှမ်းခဲ့ပြီးနောက် အသင်းက ပယ်ချခဲ့သော်လည်း ကာယကံရှင်ကိုယ်တိုင်က ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လိုနေတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်၁ ဝက်ဖို့စ် နဲ့သရေကြခဲ့တဲ့ပွဲမှာလည်း ကော်တင်ဟိုကို နည်းပြ ကလော့က ထည့်သွင်းအသုံးမပြုခဲ့ပါဘူး။ဟော့ဖန်ဟိမ်းနဲ့ ပွဲမှာလည်း မာနေး ၊ ဖာမီနို ။ ဆာလက် တိုက်စစ်အတွဲကိုသာ ဆက်လက်အသုံးပြုသွားဖို့ပဲ ရှိနေပါတယ်။ကော်တင်ဟိုကတော့ ဘာစီလိုနာကိုပဲရောက်သွားမလား လီဗာပူလ်းအသင်းမှာပဲဆက်ရှိနေမလားဆိုတာတော့ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

source - liverpool

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။